Samsung ဟာ Entry-Level စမတ်ဖုန်း အသစ်တစ်လုံး ကြေညာသွားခဲ့ပြီး ၎င်းက Samsung ရဲ့ အောင်မြင်တဲ့ A Series ထဲက မဟုတ်ဘဲ M Series ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ရှိလာတဲ့ Galaxy M13 စမတ်ဖုန်း ဖြစ်ပါတယ်။

Photo : GSMArena.com

Galaxy M13 ဟာ ဈေးသက်သာတဲ့ တန်ဖိုးသင့် စမတ်ဖုန်း တစ်လုံးဖြစ်ပေမယ့် Samsung အနေနဲ့တော့ ဖုန်းရဲ့ စျေးနှုန်း အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ M13 ကို ဥရောပမှာ ရောင်းချမယ်လို့ ခန့်မှန်းထားရပါတယ်။

Galaxy M13 စမတ်ဖုန်းဟာ ၆.၆ လက်မ FHD+ မျက်နှာပြင် ၊ V သဏ္ဌာန် Notch နဲ့ Exynos 850 Chipset တို့ထည့်သွင်း တပ်ဆင်ထားပြီး 4GB RAM ၊ 64 / 128 GB အထိ တိုးမြှင့်နိုင်တဲ့ Storage ၊ 5,000 mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

ကျောဘက်ကင်မရာ ၃ လုံး ပါဝင်ပြီး 50 MP f/1.8 main ကင်မရာ ၊ 5 MP f/2.2 Ultrawide နဲ့ 2 MP f/2.4 Depth Sensor တို့ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ 8 MP f/2.2 ဆယ်လ်ဖီ ကင်မရာ ၁ လုံး တပ်ဆင် ပေးထားပါတယ်။


Photo : How smart Technology changing lives

Galaxy M13 ဟာ Samsung ရဲ့ ကိုယ်ပိုင် One UI Core 4.1 အခြေပြု Android 12 ကို အသုံးပြု ထားပါတယ်။ Core ဆိုတာကတော့ Entry-Level Hardware ဖြစ်တဲ့အတွက် One UI 4.1 မှာ မြင်တွေ့ရတဲ့ လုပ်ဆောင်ချက်တွေ အားလုံးတော့ပါဝင်လာမှာ မဟုတ်ပါဘူး။

Galaxy M13 မှာ 5G ပံ့ပိုးမှု မပါဝင်ပေမယ့် မကြာသေးမီက ပေါက်ကြားမှုတွေကြောင့် M13 5G ဟာ မကြာခင်မှာ ထွက်လာဖို့ ရှိနေပါတယ်။

Galaxy M13 ကို Deep Green ၊ Orange Copper နဲ့ Light Blue စတဲ့ အရောင် ၃ ရောင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး Dual-SIM လုပ်ဆောင် ချက်နဲ့ 3.5 မီလီမီတာ နားကြပ်ပေါက်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Featured Photo : SamMobile