ကော့လ်တေး ဆန်းဆန်းလေးတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ကာလ ၂ ရောင်စပ် ချိုသင်းမွှေး Malibu Bay Breeze ကော့လ်တေး အလွယ်ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ အုန်းသီးရမ်ကော့လ်တေး ကောင်းကောင်းတစ်ခွက် သောက်ချင်တယ်ဆိုရင်တော့ Malibu Bay Breeze ကော့လ်တေးက ကွက်တိကျစေမှာပါ။ ချိုမြလန်းဆန်းပြီး အနံ့အရသာနဲ့ သင်းပျံ့ပြည့်စုံတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Malibu Bay Breeze ကော့လ်တေးကို ပူအိုက်တဲ့ ရာသီတွေ ၊ ကမ်းခြေနဲ့ ညနေခင်း နေဝင်ဆည်းဆာအချိန်တွေမှာ သောက်လို့အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ Malibu Bay Breeze ကော့လ်တေးကို Malibu အုန်းသီးရမ် ၊ Cranberry Juice ၊ Pineapple Juice ၃ မျိုးတည်းနဲ့သာ အဓိကဖျော်စပ်ပါတယ်။ အသီးရနံ့ သင်းပျံ့မွှေးတဲ့ Malibu Bay Breeze ကော့လ်တေးတစ်ခွက် အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်နိုင်ဖို့ ဖျော်စပ်နည်းလေး ပြောပြပေးပါမယ်။

Photo : A Couple Cooks

အရင်ဆုံး ဖန်ခွက် ၁ လုံးထဲမှာ ၁၀၀ ရာခိုင်နှုန်း အသီးစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ နာနတ်သီးဖျော်ရည် Pineapple Juice ၂ အောင်စ နဲ့ Malibu အုန်းသီးရမ် ၁ အောင်စခွဲတို့ကို ရောထည့်မွှေကာ ဖန်ခွက်ထဲကို ရေခဲအတုံးကြီး ၁ တုံး ထည့်ပေးရပါမယ်။ ပြီးတဲ့နောက်မှာ ရေခဲတုံးရဲ့ ညာဘက်အပေါ်ကနေ Cranberry Juice ၂‌ အောင်စခန့်ကို အပေါ်ယံ အလွှာ ၁ လွှာ တင်အောင် ဖြည်းဖြည်းချင်း လောင်းထည့်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ သံပုရာသီးစိပ်နဲ့ နာနတ်သီးစိပ်လေးတွေ အလှဆင်ပြီး ချိုမြိန်သင်းပျံ့တဲ့ Malibu Bay Breeze ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Sugar and Soul