ဒီတစ်ခေါက် ကော့လ်တေးချစ်သူတွေအတွက် အသီးရနံ့ သင်းသင်းလေးမွှေးပြီး သောက်လို့ကောင်းတဲ့ Pineapple Daiquiri ကော့လ်တေး အလွယ်တကူ ဖျော်စပ်သောက်နိုင်မယ့် နည်းလေး မျှဝေပေးချင်ပါတယ်။ Pineapple Daiquiri ကော့လ်တေးဆိုတာကတော့ အအေးခံထားတဲ့ သစ်သီးတွေနဲ့ အဖြူရောင်ရမ်ကို ရောစပ်ပြီး ဖျော်ထားတဲ့ ကော့လ်တေးတစ်ခွက်ပါ။ ဒီကော့လ်တေးရဲ့ ထူးခြားချက်က Blend လုပ်ပြီးဖျော်ထားတဲ့အတွက် ရေခဲအမှုန်လေးတွေနဲ့ နာနတ်သီးအနံ့ မွှေးမွှေးလေးမလို့ ရေခဲမုန့်တစ်ခွက် စားရသလို ခံစားမှုမျိုးရစေမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks

Pineapple Daiquiri ကော့လ်တေးဖျော်စပ်ဖို့ အဓိက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ အေးခဲထားတဲ့ နာနတ်သီး ၊ အဖြူရောင်ရမ် ၊ သံပုရာရည် ၊ Cointreau သို့မဟုတ် Triple Sec ၊Simple syrup နဲ့ ရေခဲတို့ ပဲဖြစ်ပါတယ်။ ရာသီဥတု ပူအိုက်တဲ့အချိန်တွေမှာ ရင်ထဲအေးမြပြီး လန်းဆန်းသွားစေမယ့် Pineapple Daiquiri ကော့လ်တေးတစ်ခွက် အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်နိုင်ဖို့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Blender ထဲမှာ အေးခဲထားတဲ့ နာနတ်သီးစိပ် ၂ ခွက် ၊ အဖြူရောင်ရမ် ၄ အောင်စ ၊ သံပုရာရည် ၂ အောင်စ ၊ Cointreau သို့မဟုတ် Triple Sec ၁ အောင်စ ၊ Simple syrup ၁ အောင်စနဲ့ ရေခဲ ၁ ခွက်စာတို့ကို ရောထည့်ပြီး Smoothie အနေအထားရတဲ့အထိ ဖျော်ပေးရပါမယ်။ ဆန္ဒရှိရင် ဖန်ခွက်အပေါ်မှာ နာနတ်သီးစိပ်လေးတွေ ၊ သံပုရာခြမ်းလေးတွေနဲ့ ကော့လ်တေးချယ်ရီသီးလေးတွေကို အလှဆင်ပြီး အေးမြလန်းဆန်းသွားစေမယ့် Pineapple Daiquiri ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးလို့ ရပါပြီ။

Featured Photo : Savored Sips