မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့တဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းကြောင့် အပြင်းအထန် ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ လူပိုတစ်ယောက်ဖြစ်နေခဲ့သူဖြစ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဒင်း ဂျုံးစ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုနာကို တိုက်စစ်မှူးဟောင်းနဲ့ ယခုနွေရာသီမှာ လမ်းခွဲဖို့ ကြိုးပမ်းလိမ့်မယ်လို့ Football Terrace မှာ စကားပြောဆိုချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Manchester City v Manchester United

Photo: sportskeeda

မာရှယ်ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ မိုနာကိုအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၃၆ သန်း တန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဆယ်ကျော်သက်တစ်ယောက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ ချက်ချင်းဆိုသလို ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် အဓိကကစားသမား ဖြစ်လာခဲ့သူဖြစ်ပါတယ်။

အန်သိုနီ မာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု Golden Boy ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ မာရှယ်ဟာ အိုးထရက်ဖို့ဒ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီအများအပြားကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၄၈ ပွဲကစားပေးခဲ့ရာမှာ ၂၃ ဂိုးသွင်းယူပေးပြီး ယူနိုက်တက်ကစားသမားဘဝကို အသက်ပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် ဆိုးရွားတဲ့ခြေစွမ်းနဲ့ ကာဗာနီ ရောက်ရှိလာမှုကြောင့် ပွဲထွက်ခွင့် မရရှိတော့တာဖြစ်ပါတယ်။ မာရှယ်ရဲ့ ၂၀၂၀-၂၀၂၁ ရာသီဟာ ဒဏ်ရာပြဿနာကြောင့် ကြီးကြီးမားမား နှောင့်နှေးကြန့်ကြာခဲ့ရပြီး ပြိုင်ပွဲစုံ ၃၆ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ရာမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Manchester United to sell Anthony Martial This summer

Photo: manchestereveningnews

“သူတို့တွေက အချိန် တော်တော်ကြာကြာကို တောင့်ခံထားခဲ့တဲ့အရာလို့ ကျွန်တော် ထင်တယ်။ မာစီယယ်လ်က အရည်အသွေးရှိတာ သိသာပါတယ်။ သူက အသင်း အခုသွားနေတဲ့နေရာနဲ့ အံမဝင်ခဲ့တာပါ”

“ဒီနှစ်က မာစီယယ်လ်အတွက် အသင်းကို စွန့်ခွာဖို့ နှစ် ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားရပေမယ့် အကြီးမားဆုံးပြဿနာက သူ့အတွက် အသင်းရှာဖွေဖို့နဲ့ သူတို့လိုချင်တဲ့ ပမာဏ ရဖို့ပဲ။ အဲဒါက ခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေးမှုဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။