Zombie ကော့လ်တေး ဟာ Ingredients ၁၀ မျိုးလောက်ပါဝင်တဲ့ ပြင်းရှရှ အမိုက်စား ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ နာမည်ကသာ Zombieဆိုပေမယ့် ကောလ့်တေးရဲ့ ပုံစံကတော့ တကယ်ကို သောက်စရာပါ။ Zombie ကော့လ်တေးက ၁၉၇၀ ဝန်းကျင် Vibe မျိုးရပေမယ့် အမှန်တကယ်မှာ ၁၉၃၀ လောက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာလို့ ပြောကြပါတယ်။ Zombie ကော့လ်တေး ဖျော်စပ်နည်းတွေလည်း အများကြီးရှိပါတယ်။ အခုပြောပြပေးမယ့် ဖျော်စပ်နည်းကတော့ Rum အမျိုးအစား ၄ မျိုး ၊ Fruit Juices ၃ မျိုး ၊ Fruit Syrups ၂ မျိုးနဲ့ အဓိက ဖျော်စပ်မယ့် Zombie ကော့လ်တေး ဖျော်စပ်နည်းဖြစ်ပါတယ်။

Photo : A Couple Cooks

Zombie ကော့လ်တေးမှာ ပါဝင်မယ့် အမယ်တွေကတော့ White Rum ၊ Spiced Rum ၊ Dark Rum ၊ 151 Rum (optional) ၊ Fresh Lime Juice ၊ Fresh Lemon Juice ၊ Pineapple Juice ၊ Passion Fruit Syrup ၊ Orange Bitters နဲ့ Grenadine တို့ ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့ကိုယ်တိုင် ဖျော်စပ်နိုင်မယ့် ကော့လ်တေး ဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

Grenadine နဲ့ 151 Rum ကလွဲပြီး ပါဝင်ပစ္စည်းအားလုံး ကော့လ်တေး Shaker ထဲ ထည့်ပေးရပါမယ်။ White Rum တစ်အောင်စ ၊ Spiced Rum တစ်အောင်စ ၊ Dark Rum တစ်အောင်စ ၊ Fresh Lime Juice တစ်အောင်စ ၊ Fresh Lemon Juice တစ်အောင်စ ၊ Pineapple Juice တစ်အောင်စ ၊ Passion Fruit Syrup တစ်အောင်စ ၊ Orange Bitters ၃ စက် နဲ့ ရေခဲတို့ထည့်ပြီး သမအောင် ရှိတ်ပေးပါ။

ထို့နောက် ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်ကို ဖန်ခွက်ရှည် Highball Glass ထဲပြောင်းထည့်ပါ။ ပြီးရင် Grenadine အောင်စဝက်ခန့်ကို ဇွန်းခံပြီး ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ။ 151 Rum ကိုလည်း ဒီနည်းအတိုင်း ဇွန်းခံပြီး ဖြည်းဖြည်းချင်း ထည့်ပေးရပါမယ်။ အပေါ်က ပူစီနံရွက် အနည်းငယ်အလှဆင်ပြီး အသီးရနံ့ မွှေးမွှေးလေးနဲ့ ပြင်းရှရှ Zombieကော့လ်တေး တစ်ခွက်အသင့်သောက်သုံးလို့ ရပါပြီ။

Featured Photo : Difford’s Guide