ကော့လ်တေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီအချိန်အခါနဲ့ အလိုက်ဖက်ဆုံး ကော့လ်တေးတစ်ခွက် ဖြစ်တဲ့ Martinez ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Martinez ကော့လ်တေး ဆိုတာဟာ Martini နဲ့ Manhattan ကော့လ်တေးတို့နဲ့ အရသာဆင်တူတဲ့ Classic ဂျင် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Martinez ကော့လ်တေးရဲ့ သမိုင်းကြောင်းကိုတော့ အတိအကျမသိရပေမယ့် ၁၈၈၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့ပေါ်ပေါက်ခဲ့တာလို့ ခန့်မှန်းထားကြပြီး ကယ်လီဖိုးနီးယားပြည်နယ် ၊ Martinez မြို့က Bartender တစ်ဦးက တီထွင်ခဲ့တာလို့ ပြောကြပါတယ်။ အရသာအားဖြင့်တော့ Manhattan ကော့လ်တေးနဲ့ ပိုဆင်တူပြီး ဝီစကီအစား ဂျင်ကို ပြောင်းလဲအသုံးပြုထားတာ ဖြစ်ပါတယ်။ Martinez ကော့လ်တေးကို ဂျင် ၊ Sweet Vermouth ၊ Maraschino Liqueur ၊ Angostura Bitters တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ မွှေးရနံ့သင်းပျံ့ပြီး နွေးထွေးတဲ့အရသာ Martinez ကော့လ်တေးကို အလွယ်ကူဆုံးဖျော်စပ်နိုင်မယ့် နည်းလမ်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ဖန်ခွက်တစ်ခုထဲမှာ ဂျင် ၂ အောင်စ ၊ Sweet Vermouth ၁ အောင်စ ၊ Maraschino Liqueur အောင်စဝက်နဲ့ Angostura Bitters ၃ စက်တို့ရောထည့်ပြီး ရေခဲလက်တဆုပ်စာခန့် ပေါင်းထည့်ကာ စက္ကန့် ၃၀ ကြာ အဆက်မပြတ် မွှေပေးပါ။ ပြီးတဲ့နောက် ရလာတဲ့ဖျော်ရည်ကို ကော့လ်တေးဖန်ခွက်ထဲကို ပြောင်းထည့်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ လိမ္မော်ခွံကို အဆီညှစ်ထုတ်ပြီး ဖန်ခွက်နှုတ်ခမ်းဝကို ပွတ်လိမ်းပေးပါ။ လိမ္မော်ခွံကို ကော့လ်တေးဖန်ခွက်ထဲရောထည့်ပြီးလည်း အလှဆင်လို့ရပါတယ်။ ဒါဆိုရင်တော့ ဆောင်းရာသီအေးချမ်းတဲ့ အချိန်ကာလနဲ့ အလိုက်ဖက်ဆုံး Martinez ကော့လ်တေး တစ်ခွက် အသင့်သုံးဆောင်နိုင်ပါပြီ။

Featured Photo : Saveur