ခြေသလုံးနှင့် ပေါင်လုံးများ ပိန်လှီနေတာက ကြည့်မကောင်းသလို ခြေသလုံး၊ ပေါင်လုံးများ အဆီဖြင့် ပွဖောင်းနေတာကလည်း ကြည့်မကောင်းပါဘူး။ ကြွက်သားများနဲ့ ကျစ်လျစ်တောင့်တင်းပြီး ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို တစ်ပတ် သုံးရက်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

dumbbell squat for men

Source: Menshealth

ခြေထောက်ကို ပုခုံးအကျယ်ထက် ခပ်ကျယ်ကျယ် ချဲထားပြီး အလေးတန်းကို ပုခုံးအနောက်တွင် တင်ထားပါ။ ထို့နောက် ဒူးကွေးပြီး တင်ပါးကို နောက်ပစ်ကာ ထိုင်မယ့်ပုံသဏ္ဍာန် ပြုလုပ်လိုက်ပါ။ ထိုင်လိုက် ထလိုက်ဖြင့် ၆ ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး ၄ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

dumbbell lunges for men

ခြေထောက်နှစ်ချောင်းကို အနည်းငယ်ချဲထားပြီး အလေးတုံးနှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်တွင် ထားထားပါ။ ထို့နောက် ဘယ်ခြေကို တင်ပါးနောက်ပစ်ပြီး ၉၀ ဒီဂရီဒူးကွေးလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

တစ်ဖန် ညာခြေကို တင်ပါးနောက်ပစ်ပြီး ၉၀ ဒီဂရီဒူးကွေးလိုက်ပါ။ ဘယ်ညာ တစ်လှည့်စီဖြင့် ၁၂ ကြိမ် ၄ ခါစီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

leg press for men

Source: Pinterest.com

ဒီလေ့ကျင့်ခန်းကတော့ စက်အကူအညီအသုံးပြုပြီး ခြေသလုံးအားနှင့် ပေါင်အားအသုံးပြုကာ ခြေထောက်ကို တွန်းရမှာပဲဖြစ်ပါတယ်။ ၁၂ ကြိမ် ၃ ခါ စီပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

leg curls for men

Source: Gfycat.com

ဒီလေ့ကျင့်ခန်းကိုလည်း စက်အကူအညီဖြင့် ပြုလုပ်ရမှာဖြစ်ပြီး ၁၂ ကြိမ် ၃ ခါစီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

leg extension for men

Source: Pinterest.com

ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀၊ ၃ ခါစီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

calf leg raises for men

Source: Gfycat

အရင်ဦးဆုံး ခြေထောက်နှစ်ချောင်းကို အနည်းငယ် ချဲထားပါ။ အလေးတုံးနှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်တွင် ထာထားပြီးနောက် ခြေဖဝါးနှစ်ဖက်ကြွပေးလိုက်ပါ။ ထို့နောက် ခြေထောက်ပြန်ချပါ။ ခြေထောက်ကြွလိုက်၊ ခြေထောက်ပြန်ချလိုက်ဖြင့် ၁၂ ကြိမ် ၄ ခါစီ ပြုလုပ်ရပါမယ်။

Source: Pinterest.com