အဆီပိုတွေ လောင်ကျွမ်းပြီး ကြွက်သားကျစ်လစ်သန်မာလာစေဖို့ အများကြီး ခေါင်းစားမနေပါနဲ့။ Medicine Ball လို့ခေါ်တဲ့ လေ့ကျင့်ခန်းသုံး ဘောလုံးနဲ့ဆို ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Med Ball တစ်လုံးရှိရုံနဲ့ ကွီးတို့ အိမ်မှာပဲ အလွယ်တကူ လေ့ကျင့်ကစားလို့ရမယ့် ကစားနည်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Med Ball Sledgehammer
Photo : Men’s Health
ဒီလေ့ကျင့်ခန်းက ပေါက်ကွဲအားပြင်းပြင်း ဘောလုံးကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရမယ့် လေ့ကျင့်ခန်းပါ။ Medicine Ball ကို ဦးခေါင်းထက်မှာ ကိုင်ထားပြီး အားကုန်ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချပါ။ နောက်တစ်ကြိမ်လည်း ဒီပုံစံအတိုင်းထပ်လုပ် ပေးရပါမယ်။ ၁၅ – ၂၀ ကြိမ် ၊ ၃ ကျော့ ပြုလုပ်ပေးပါ။
(၂) Med Ball Press-Up
Photo : Men’s Health
Medicine Ball နဲ့တွဲပြီး ကစားရမယ့် ဒိုက်ထိုးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘောလုံးပေါ်မှာ လက်နှစ်ဖက် ထောက်ထားပြီး ဒိုက်ထိုးပေးရမှာပါ။ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်ဒိုက်ထိုး လေ့ကျင့်ခန်းထက် အနည်းငယ် ပိုခက်ခဲပါတယ်။ ၁၅ – ၂၀ ကြိမ် ၊ ၃ ကျော့ ပြုလုပ်ပေးပါ။
(၃) Med Ball Wall Throw
Photo : Men’s Health
ဘောလုံးကို လက်တစ်ဖက်တည်းနဲ့ ကိုင်မြောက်ပြီး နံရံဆီ အားကုန်ပစ်ပေါက်ရမယ့် ကစားနည်းပါ။ ပခုံးဆုံအားတွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။ လက်တစ်ဖက်စီကို ၁၅ ကြိမ်စီ ၃ ကျော့ ပြုလုပ်ပေးပါ။
(၄) Med Ball Squat Throw
Photo : Men’s Health
Squat လေ့ကျင့်ခန်းကို Medicine Ball နဲ့ပေါင်းစပ်ပြီး ကစားပေးရမယ့် လေ့ကျင့်ခန်းပါ။ Squat ထိုင်ချိန်မှာ ဘောလုံးကို ရင်ဘတ်နားမှာ ကိုင်မြောက်ထားရပါမယ်။ ဒူးကိုဆန့်ထုတ်ပြီး ခန္ဓာကိုယ်ကို ပြန်ထလိုက်ချိန်မှာ တစ်ပြိုင်နက်တည်း ဘောလုံးကိုပါ အပေါ်သို့ ပစ်လွှတ်လိုက်ပါ။ ထို့နောက်တစ်ဖန် ဘောလုံးပြန်အကျကို ဒူးပြန်ကွေး Squat ထိုင်ပြီး ဖမ်းပါ။ ၁၅ – ၂၀ ကြိမ် ၊ ၃ ကျော့ ပြုလုပ်ပေးပါ။
Featured Photo : Men’s Health