ခန္ဓာကိုယ်အချိုးအစားကို ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။ ပထမခန္ဓာကိုယ် အမျိုးအစားကတော့ ပိန်ပါးသော ခန္ဓာကိုယ်၊ ဒုတိယတစ်မျိုးကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကြီးပြီး အောက်သို့ အဖျားရှုးသွားသော တြိဂံဇောက်ထိုးပုံနှင့် နောက်ဆုံးတစ်မျိုးကတော့ ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် အဆီများ စုနေတတ်သော စတုရန်းပုံခန္ဓာကိုယ်ပိုင်ရှင်တို့ပဲ ဖြစ်ပါတယ်။

different body types and their exercises for men

Photo Source: Muscleandstrength.com

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ် မူတည်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။

အရင်ဆုံး ပထမအမျိုးအစားအတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ပိန်ပါးသော ခန္ဓာကိုယ်ပိုင်ရှင်များ

different body types and their exercises for men

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ဘယ်လောက်စားစား ဝိတ်တက်မလာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်စားစား ဝိတ်မတက်လာရခြင်းက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို ကိုယ့်ရဲ့နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။

သူတို့အတွက်ကတော့ ကြွက်သားတက်ဖို့ဆိုရင် Cardio လေ့ကျင့်ခန်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Cardio လေ့ကျင့်ခန်းတွေကတော့ ရေကူးခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းအမြန်လျှောက်ခြင်း၊ Burpees လေ့ကျင့်ခန်း ပြုလုပ်ခြင်း အစရှိသည်တို့ကို ပြုလုပ်သင့်ပါတယ်။

ဒုတိယခန္ဓာကိုယ်အချိုးအစား ပိုင်ရှင်များအတွက်

different body types and their exercises for men

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ပထမအမျိုးအစားနဲ့ တတိယအမျိုးအစားနှစ်ခုကို ပေါင်းစပ်ထားတဲ့အမျိုးအစားလို့ ဆိုနိုင်ပါတယ်။ သူတို့က ကံကောင်းကြသူတွေဖြစ်ပြီးတဲ့ ကြွက်သားတက်ဖို့ ဆော့ကစားမယ်ဆိုရင်လည်း ရလဒ်က ထိရောက်မှုရှိပြီး မြန်ဆန်တာကို တွေ့ရမှာပါ။

ကြွက်သားတက်ဖို့ လေ့ကျင့်ခန်းစလုပ်တဲ့အခါ Beginner အဆင့်ကနေ စလုပ်ပါ။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့လေ့ကျင့်ခန်းများကို အကြိမ်ရေ တိုးသွားရပါမယ်။ အခြေခံလေ့ကျင့်ခန်းတွေအနေနဲ့ကတော့ Squats ထိုင်ခြင်း၊ Lunges လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ Deadlifts လို့ခေါ်တဲ့ အလေးတုံးမခြင်း၊ Chest Press ၊ Shoulder Press စသည်တို့ဖြင့် အစပြုရမှာ ဖြစ်ပါတယ်။

အလေးတုံးဖြင့် ဆော့ကစားတဲ့အခါ အလေးတုံး အရွယ်အစား၊ အလေးချိန်ကိုလည်း ကျွမ်းကျင်လာသည်နှင့်အမျှ တဖြည်းဖြည်း တိုးသွားရပါမယ်။

တတိယအမျိုးအစား ခန္ဓာကိုယ်ပိုင်ရှင်များ

different body types and their exercises for men

ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆီပိုတွေ စုဝေးနေတတ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ သူတို့သည် ကြွက်သားတက်ဖို့ ကြိုးစားရတာ ခက်သလောက် ဝိတ်တက်ဖို့ကျတော့ မြန်ပါတယ်။ ဝိတ်တက်ဖို့ မြန်လို့ဆိုပြီးတော့ ကိုယ့်ရဲ့ မျိုးရိုးဗီဇကိုပဲ ထိုင်အပြစ်တင်နေလို့မရပါဘူး။ လေ့ကျင့်ခန်း အနည်းငယ်ပြုလုပ်ကာ ကြွက်သားတက်အောင် ဆော့ကစားနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်းများနဲ့ ခန္ဓာကိုယ်အောက်ပိုင်းအတွက် လေ့ကျင့်ခန်းများကို မျှခြေဖြစ်အောင် ဆော့ကစားသင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် လေ့ကျင့်ခန်းများကိုတော့ လေ့ကျင့်ခန်းတစ်ခုစီလျှင် ၈ ကြိမ်မှ ၁၂ ကြိမ်၊ စုစုပေါင်း ၃ ကျော့မှ ၅ ကျော့အထိ ပြုလုပ်ရမှာဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းအတွက် လေ့ကျင့်ခန်းများကိုတော့ လေ့ကျင့်ခန်းတစ်ခုစီလျှင် ၁၂ ကြိမ်မှ အကြိမ် ၂၀၊ ၃ ကျော့မှ ၅ ကျော့အထိ ပြုလုပ်ရမှာဖြစ်ပါတယ်။

Source: Runtastic.com

Featured Image Source: Mindvalley.com