စတိုင်လ်ကျပြီး ဆွဲဆောင်မှုတိုးချင်တဲ့ ယောကျာ်းတိုင်းသည် သူတို့ရဲ့ဖက်ရှင်နဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ရွေးချယ်မှုကို သေချာဂရုတစိုက် ရွေးချယ်လေ့ရှိကြပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဖက်ရှင်မျိုးကို မနှစ်သက်ဘဲ ရိုးရှင်းပြီး Minimalist ဆန်တဲ့ ကွီး တို့က သူတို့ရဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို အရိုးရှင်းဆုံးဖြစ်အောင် ရွေးချယ်လေ့ရှိကြပါတယ်။

Minimalist ဆန်တဲ့ ကွီး တို့သည် သူတို့ရဲ့ အဝတ်ဘီဒိုထဲမှာ ဘယ်လို ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေ ဝယ်ထည့်ကာ ဝတ်ဆင်လေ့ရှိကြသလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။

ရှူးဖိနပ်များ

Minimalist ကွီး ဖက်ရှင် 

Photo: Thefashionisto

ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ မင်္ဂလာဧည့်ခံပွဲများ၊ ဒင်နာပါတီပွဲများ တက်တဲ့အခါ ခန့်ခန့်ညားညားနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်ကို ဖန်တီးချင်တယ်ဆိုရင် ရှူးဖိနပ်တစ်ရံသည်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ရှူးဖိနပ်အရောင် ရွေးချယ်တဲ့အခါမှာလည်း အခြေခံကျတဲ့ အရောင်ဖြစ်တဲ့ အနက်ရောင် (သို့) အညိုရောင် တို့ကို ရွေးချယ်လိုက်ပါ။

အနက်ရောင်ရှူးဖိနပ်၊ အညိုရောင် ရှူးဖိနပ်များသည် အင်္ကျီဘောင်းဘီ အဝတ်အစားမရွေးတာကြောင့် အပြင်သွားခါနီးမှာ ခေါင်းစားမှာမဟုတ်ပါဘူး။

Sneakers ဖိနပ်များ

Minimalist ကွီး ဖက်ရှင် 

Minimalist ကွီး တို့အနေနဲ့ ဟိုနားဒီနား သွားတဲ့အခါမျိုး၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူကောင်မလေးနဲ့ပဲဖြစ်ဖြစ် ချိန်းထားတဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဖက်ရှင် မျိုးကိုသာ ဆင်မြန်းချင်ကြမှာပါ။ ဒါဆိုရင်တော့ စောစောက ရှူးဖိနပ်ကို ခဏမေ့ထားပြီး Sneakers ဖိနပ်လေးနဲ့သာ အစားထိုးလိုက်ပါ။

ဘောင်းဘီရွေးချယ်တဲ့အခါ

Minimalist ကွီး ဖက်ရှင် 

ဘောင်းဘီတွေကိုတော့ စတိုင်လ်ဘောင်းဘီလေးတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ကိုယ်က Minimalist ဖက်ရှင်မျိုး ဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့် Cargo ဘောင်းဘီတွေ ချည်သားဘောင်းဘီတွေအစား စတိုင်လ်ဘောင်းဘီလေးတွေကိုသာ ရွေးချယ်လိုက်ပါ။ စတိုင်လ်ဘောင်းဘီတွေသည် အင်္ကျီအဝတ်အစားမရွေးတဲ့အတွက်ကြောင့် အပြင်သွားခါနီးမှာ ခေါင်းစားစရာမလိုတာ အမှန်ပါပဲ။

အရောင်နုတီရှပ်များ

fashion accessories for kwee

တီရှပ်ရွေးချယ်တဲ့အခါမှာတော့ အရောင်နုတီရှပ်လေးတွေကိုသာ ဦးစားပေးရွေးချယ်လိုက်ပါ။ အဖြူရောင်၊ အပြာနုရောင်၊ ပန်းရောင်ဖျော့ဖျော့ အစရှိတဲ့ အရောင်နုတီရှပ်လေးတွေသည် ကွီးတို့ရဲ့ဖက်ရှင်ကို အရိုးရှင်းဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင် ကူညီပေးမှာပါ။

အရည်အသွေးကောင်းသော ခါးပတ်

fashion accessories for kwee

Photo: Netluxury

ခါးပတ်သည်လည်း ဆောင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သာမန်ရုံးတက် ရုံးဆင်းရက်တွေမှာတော့ ခါးပတ်မပါဘဲ ရုံးတက်ရုံးဆင်းနိုင်ပေမယ့် ပွဲတက်အခမ်းအနားတွေ သွားတဲ့အခါ ခါးပတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ခါးပတ်ဝယ်ယူတဲ့အခါမှာလည်း အချိန်ကြာကြာအသုံးခံမယ့် အရည်အသွေးကောင်းသော ခါးပတ်များကိုသာ ဝယ်ယူဆင်မြန်းသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်သည် ခါးပတ်ကို ရံဖန်ရံခါမှသာ ထုတ်ဝတ်မှာဖြစ်ပြီး အချိန်ကြာကြာအသုံးပြုရမှာဖြစ်လို့ပါပဲ။

Source: Ties

Featured Image: Thefashionisto