အားကစားမလုပ်ဖြစ်ဘူးဆိုပြီး ညည်းနေတဲ့ ဘော်ဒါတွေ ရှိကြမှာပါ။ အားကစားလုပ်တာ ကျန်းမာရေးအကျိုးကျေးဇူးများကြောင်း ညွှန်းစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အတော်များများက အားကစားလုပ်ဖို့ ပျင်းနေတာကြောင့်ဖြစ်ဖြစ် အချိန်မရလို့ပဲ ဖြစ်ဖြစ် Workout မလုပ်ဖြစ်ကြတာ များပါတယ်။ဒါကြောင့် အားကစား ပုံမှန်လုပ်ဖြစ်ဖို့နဲ့ ထိရောက်မှုရှိဖို့အတွက် အကြံတချို့ ပေးချင်ပါတယ်။

(၁) အားကစားအတူလုပ်မယ့် သူငယ်ချင်းရှာပါ

Photo: themost10

Fitness Friends လို့ ခေါ်တဲ့ အားကစားလုပ်ဖော် မိတ်ဆွေရှိရင်လည်း Gym ပို ကစားဖြစ်ပါတယ်။ အားကစားအတူလုပ်မယ့် သူငယ်ချင်းရှိတော့ ကိုယ့်ကိုလည်း တွန်းအားပေးပြီးသား ဖြစ်စေသလို Gym သွားမယ့် အချိန်တွေလည်း ပျက်ကွက်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ Gym Man တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ပါ။

(၂) သက်တောင့်သက်သာ ရှိတဲ့ Sneakers တွေ ဝတ်ပါ

Photo: themost10

အားကစားဖိနပ်တွေက သင့်ခြေထောက်ကို သံချပ်ကာလို စောင့်ရှောက်နိုင်ပါတယ်။ များများပြေးတဲ့သူတွေဆို ဖိနပ်ကောင်းတစ်ရံမရှိလို့ မဖြစ်ပါဘူး။ အားကစားလုပ်ရင်း ခြေကျင်းဝတ်လည်တာ ၊ ဖနောင့်ကြောတွေ နာတာဖြစ်လာရင် ဆက်ပြီး Workout လုပ်နိုင်မှာ မဟုတ်သလို ကိုယ့်ရဲ့ Workout Plan တွေ ပျက်သွားနိုင်လို့ ဖြစ်ပါတယ်။

(၃) မနက်ဖက် Workout ကစားပါ

Photo: themost10

အားကစားမလုပ်ဖြစ်တဲ့သူတစ်ယောက်အတွက် မနက်ဖက်ကစားတာက အထိရောက်ဆုံးနဲ့ အလုပ်အဖြစ်ဆုံး အစီအစဉ်ပဲ ဖြစ်ပါတယ်။ အလုပ်က ပြန်လာတဲ့ ညနေဘက်မှ အားကစားလုပ်မယ်ဆိုရင် တစ်နေကုန်ပင်ပန်းတာနဲ့တင် Gym မသွားချင်တော့သလို ခံစားတတ်လို့ပါ။ မနက်ဖက်မှာဆို လူကလည်း အင်ပြည့်အားပြည့်ရှိပြီး ၄၅ မိနစ်လောက် အားကစားလုပ်လိုက်တာနဲ့တင် တစ်နေကုန် တက်ကြွရွှင်လန်းပြီး အားကစားလုပ်ထားတဲ့ အကျိုးကို ခံစားရမှာဖြစ်ပါတယ်။

(၄) တစ်နေ့ကို ၄-၅ ကြိမ် စားပါ

Photo: themost10

အားကစားသမားတွေဟာ သာမန်လူတစ်ယောက်ထက် အစားအသောက် ပိုဂရုစိုက်ရပါတယ်။ အားကစားလုပ်သူဟာ တစ်နေ့တာ အာဟာရဓါတ် စုံလင်စွာ စားသုံးပေးဖို့ လိုပါတယ်။ အစားလည်း ကောင်းကောင်း စားရသလို ရေလည်း များများသောက်ပေးရပါတယ်။ စားသောက်တဲ့ ပုံစံကလည်း တစ်နေ့ကို နည်းနည်းချင်း ၄ ကြိမ် ၅ ကြိမ် ခွဲစားပေးတာက အစာစားချင်စိတ်နဲ့ ကိုယ်အလေးချိန်ကို ပိုထိန်းချုပ်နိုင်အောင် အထောက်အကူပြုနိုင်ပါတယ်။
အထူးသဖြင့် မနက်စာမစားဘဲ မနေပါနဲ့။ မနက်စာမစားတဲ့သူတွေဟာ တခြားအနပ်တွေမှာ ကျန်းမာရေးနဲ့ မညီဘဲ ကယ်လိုရီမြင့်တဲ့ အစားအစာတွေပဲ ပိုစားဖြစ်နေ့ရှိပါတယ်။ ဒါကြောင့် မနက်စာအဖြစ် အမျှင်ဓါတ်မြင့်တဲ့ ကွေကာ ၊ အဆီနည်း နို့နဲ့ သစ်သီးတွေအပါအဝင် အာဟာရဓါတ်ပြည့်ပြည့်ဝဝပါအောင် စီမံသင့်ပါတယ်။