Carpenters အဖွဲ့ဆိုပြီး လူသိများတဲ့အဆိုတော်အဖွဲ့သည် Karen Carpenter နဲ့ Richard Carpenter ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ နာမည်ကြီးအဖွဲ့ဖြစ်ပါတယ်။ Karen ရဲ့ဆွဲဆောင်ညှို့ငင်အားကောင်းတဲ့ အသံနဲ့ Richard ရဲ့ ဟာမိုနီလိုက်နိုင်မှု၊ တေးသီချင်းများ ဖန်တီးတီးခတ်နိုင်မှု စတဲ့ အရည်အချင်းများကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ၁၉၆၉ နှင့် ၁၉၈၃ ခုနှစ်ကြားရှိ သီချင်းချစ်သူများရဲ့အသည်းစွဲ အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
နှမြောစရာကောင်းတာတစ်ခုကတော့ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် Karen Carpenter သည် နှလုံးရောဂါကြောင့် ကွယ်လွန်သွားခဲ့တာပါပဲ။ အရည်အချင်းရှိတဲ့ အနုပညာကြယ်ပွင့်တစ်လက် အသက် ၃၂ နှစ်အရွယ်နဲ့ ကြွေလွင့်သွားခဲ့ရခြင်းက အနုပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
Photo Source: Theguardian.com
ဒါပေမဲ့ သူ(မ)ရဲ့သီချင်းတွေသည် ယနေ့ထိတိုင် ဆက်လက်ရှင်သန်နေဆဲပါပဲ။ သူ(မ)ရဲ့အစ်ကိုဖြစ်သူ Richard Carpenter သည် သူ(မ) သီဆိုခဲ့တဲ့ တေးသီချင်းများကို ဗားရှင်းအသစ်နဲ့ ပြန်လည်ဖန်တီးပုံဖော်ကာ သူ(မ)ကို အမြဲတမ်းအမှတ်ရနေအောင် ကြိုးစားလျက်ရှိပါတယ်။
Carpenters တို့ရဲ့လူကြိုက်များတဲ့ ဂန္တဝင်မြောက်တေးသီချင်းအများအပြားရှိတဲ့အနက် ပရိသတ်နှုတ်ခမ်းထက် အများဆုံးစွဲကျန်နေတဲ့ သီချင်းကောင်းအချို့ကို သီချင်းချစ်သူများအတွက် ရွေးနုတ်တင်ဆက်ပေးလိုက်ရပါတယ်။
Top Of The World
Source: Billy Rees
Yesterday Once More
Source: Martin Sejas
Close To You
Source: Aesthetic melody
I Won’t Last A Day Without You
Source: Chicpizz209
Looking For Love
Source: TheCarpenters4ever
Eve
Source: Robert Patterson
Rainy Days And Mondays
Source: Carpenters
Goodbye To Love
Source: catman916
Only Yesterday
Source: Carpenters
Calling Occupants Of Interplanetary Craft
Source: Billy Rees
Featured Image Source: Myradiolink.com