ကိုယ်ချစ်ရတဲ့ ချစ်သူကောင်မလေးနဲ့ နှစ်တွေအကြာကြီး ကျန်းကျန်းမာမာနဲ့ အတူတူ နေသွားချင်တယ်ဆိုရင် အခုချိန်ကတည်းက ကျန်းမာရေးအလေးထားဖို့လိုအပ်ပါတယ်။ အခုနောက်ပိုင်း ချစ်သူစုံတွဲတွေကြားမှာ fitness date လို့အရာတွေတောင် ပြုလုပ်လာကြပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ချစ်သူနဲ့ နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနဲ့ အချိန်တွေအကြာကြီး အတူတူရှိနေနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးအလေ့အထကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Healthy Meal လေးတွေကိုယ်တိုင်ချက်ပြုတ်ပါ

ကျန်းမာခြင်းရဲ့အစ မီးဖိုချောင်ကလို့ ဆိုရမှာပါပဲ။ အစားအသောက်က ကျန်းမာခြင်းအတွက်အရေးပါဆုံးသော အရာတစ်ခုဖြစ်တာကြောင့် ချစ်သူစုံတွဲတွေအနေနဲ့ စားသောက်ဆိုင်တွေ အပြင်စာတွေပဲ စားမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်စားဖို့ အကြံပြုချင်ပါတယ်။

(၂) စက်ဘီးစီးပါ

ပျော်စရာလည်းကောင်းပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေမယ့် အလေ့အကျင့်ကောင်းလေးတစ်ခုက စက်ဘီးစီးခြင်းပါ။ လေ့လာသူတွေကတော့ စက်ဘီးစီးခြင်းဟာ ခရီးသွားခြင်းနဲ့နည်းတူ အကျိုးကျေးဇူးများစွာရစေတယ်လို့ ဆိုထားပါတယ်။ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရရှိစေမယ့်အပြင် ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကိုလည်းပိုမိုခိုင်မာလာစေဖို့ တစ်ပတ်ကို ၄ ရက် တစ်ရက်ကို ၄၅ မိနစ်လောက် ချစ်သူနှစ်ဦးအတူတူ စက်ဘီးနင်းကြည့်ပါ။

(၃) အကလေ့ကျင့်ပါ

ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့အဆီပိုတွေလောင်ကျွမ်းစေပြီး ကျစ်လျစ်တဲ့ခန္ဓာကိုယ်ရရှိစေမယ့်အပြင် ပျော်ဖို့လည်းကောင်းတဲ့ အရာလေးက အကလေ့ကျင့်ခြင်း သို့မဟုတ် အကသင်တန်းအတူတူတက်ခြင်းဖြစ်ပါတယ်။ မြူးမြူးကြွကြွသံစဉ်လေးတွေနဲ့ ကခုန်ရတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေလျော့ကျစေပြီး ခန္ဓာကိုယ်ကနေ ပျော်ရွှင်မှုဟော်မုန်းတွေမြင့်တက်လာစေပါတယ်။ ဒါကြောင့် စုံတွဲတွေအနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ Lifestyle တစ်ခုဖန်တီးချင်တယ်ဆိုရင် အကလေ့ကျင့်ပါ။

(၄) အတူတူရယ်မောပါ

ဟက်ဟက်ပက်ပက်ရယ်မောခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေလျော့ကျစေပြီး ကိုယ်ခံအားစနစ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ဒါကြောင့် ချစ်သူနှစ်ဦးကြားမှာ ပျော်ရွှင်ရယ်မောရတဲ့ အချိန်လေးတွေကို မဖြစ်မနေဖန်တီးသင့်ပါတယ်။ ဥပမာ ရယ်စရာကောင်းတဲ့ ဟာသကားအတူတူကြည့်တာမျိုး comedy show တွေအတူတူကြည့်တာမျိုးပြုလုပ်ပြီး ချစ်သူနှစ်ဦးအားရပါးရ ရယ်မောလိုက်ပါ။

Source : squatwolf