Motivation ဆိုတာ ဘာလဲ
Motivation ဆိုသည်မှာ လူတစ်ဦးချင်းစီမှာ ဖြစ်နေတဲ့ လိုအပ်ချက်များ၊ လိုအင်ဆန္ဒများ၊ လိုလားချက်များ သို့မဟုတ် တွန်းအားပေးခြင်းဟု အဓိပ္ပါယ်ရသည့် ‘စိတ်အားထက်သန်မှု’ ဖြစ်ပါတယ်။ လူတွေကို ရည်မှန်းချက်များ ပြီးမြောက်စေရန် လှုံ့ဆော်ပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် ထို Motivation ကို ပျောက်ဆုံးစေမဲ့ သို့မဟုတ် လျော့ကျစေမဲ့ အချက်တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
Motivation က ဘာအတွက် အရေးကြီးသလဲ
Motivation က ကွီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးပါလိမ့်မယ်။ စိတ်အားထက်သန်သူ ဖြစ်မယ်ဆိုရင် အလုပ်မှာ စိတ်ကျေနပ်မှုရရှိမယ်။ Motivation က လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ တက်ကြွသော အဖွဲ့နှင့် အလုပ်လုပ်ဆောင်ခြင်းက တိုးတက်မှုအကျိုးအမြတ် အမြဲတမ်း ရရှိမည် ဖြစ်ပါတယ်။ ဒါတွေ အားလုံးက ကွီးတို့ရဲ့ ဘဝရည်ရွယ်ချက်နဲ့ ပျော်ရွှင်မှုကို ပေးစွမ်းတယ်။
ကွီးတို့ရေ Motivation ကအရေးကြီးသလို ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ဓါတ်ကျဆင်းခြင်း Demotivation ကိုလည်း သတိပြုဖို့ လိုပါတယ်။ ဒါက ကွဲပြားမှု အမျိုးမျိုးရှိတဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွီးရဲ့ စိတ်အားထက်သန်မှုကို အမျိုးအစားခွဲနိုင်သလို ကွီးတို့ သိထားသင့်တဲ့ Motivation ကို ပျောက်ဆုံးစေမဲ့ အချက်တွေကို ရှာဖွေဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။
(၁) အကြောက်တရား
Photo : Lifehack
ကွီးတို့ သိထားသင့်တဲ့ Motivation ကို ပျောက်ဆုံးစေမဲ့ အချက်တစ်ခုကတော့ အကြောက်တရား ပဲဖြစ်ပါတယ်။ အကြောက်တရားက ကွီးတို့ကို နှေးကွေးစေပြီး ချီတုံချတုံဖြစ်စေကာ လုပ်ငန်းဆောင်တာများကို အောင်မြင်အောင် လုပ်နိုင်စွမ်း လျော့ကျစေပါတယ်။ တစ်ခါတစ်ရံ အကြောက်တရားက အကျိုးရှိနိုင်သော်လည်း အရာအားလုံးအတွက်တော့ မကောင်းပါဘူး။ ကွီးရဲ့ ကြောက်ရွံ့မှုက ကြီးမားတယ်ဆိုရင်၊ စိတ်ဓါတ်ကျဆင်းမှုကို အလွယ်တကူ ဖြစ်စေပြီး ကျရှုံးမှုတွေကို သယ်ဆောင်လာပေးပါလိမ့်မယ်။
(၂) မှားယွင်းသော ရည်မှန်းချက်ပန်းတိုင်များ
Photo : PCCCA
လူတိုင်းမှာ အတ္တနဲ့ ပရ ဆိုတာရှိပါတယ်။ ကွီးရဲ့ မရှိမဖြစ်အတ္တဟာ အလိုအလျောက် တီထွင် ဖန်တီးမှုရှိပြီး လည်ပတ်နေတဲ့ အစိတ်အပိုင်းဖြစ်ပြီး ကွီးဘဝမှာ အရေးကြီးဆုံး အပိုင်းပါ။ ပရအလုပ် ကတော့ လူ့အသိုင်းအဝိုင်းမှာ လိုအပ်တဲ့ စည်းမျဉ်းတစ်ခုကို လိုက်နာခြင်း ဖြစ်ပါတယ်။ ပရအလုပ်တွေ ကိုဘဲ ရည်မှန်းချက်ထားနေရင်တော့ ကွီးရဲ့ အတ္တပန်းတိုင်ရည်မှန်းချက်တွေအတွက် စိတ်ထက်သန်မှုတွေ လျော့နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။
(၃) ရှင်းလင်းပြတ်သားမှု မရှိခြင်း
Photo : The Global Small Business Blog
ကွီးတို့ လိုချင်တာကို သတိရှိရှိနဲ့ ပြတ်ပြတ်သားသား မရှိတဲ့အခါ ဘာလုပ်ရင် ကောင်းမလဲနဲ့ ဇဝေဇဝါ ဖြစ်လာတတ်ပါတယ်။ စိတ်ထက်သန်မှု အားနည်းတတ်ပါတယ်။ လုပ်ချင် ဖန်တီးချင်တဲ့ စိတ်တွေ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကလည်း သိထားသင့်တဲ့ Motivation ကို ပျောက်ဆုံးစေမဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။
(၄) စိန်ခေါ်မှုမရှိခြင်း
Photo : Jordan Gray Consulting
ကိုယ့်ကိုယ်ကိုဖြစ်စေ၊ အခြားသူများကိုဖြစ်စေ၊ အရာရာတိုင်းကိုဖြစ်စေ စိန်ခေါ်မှုမရှိခြင်း ကလည်း Motivation ကို ပျောက်ဆုံးစေမဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။ စိန်ခေါ်မှုက လှုံ့ဆော်မှုအတွက် အရေးပါသော အချက်ဖြစ်ပါတယ်။ စိန်ခေါ်မှု သေးငယ်ပါက ကွီးကို အလုပ်မှာ ငြီးငွေ့လာစေနိုင်ပါတယ်။ ပြီးရင် စိတ်တက်ကြွမှု မရှိတော့ပါဘူး။ စိန်ခေါ်မှု ကြီးလေလေ စိတ်ဓါတ်တက်ကြွမှု များလေလေ ဖြစ်ပါတယ်။
(၅) စိတ်ဒါဏ်ရာနဲ့ ဝမ်းနည်းမှုများ
Photo : Khiron Clinics
ကွီးတို့ရဲ့ ဘဝမှာ ဆုံးရှုံးရမှုများ၊ ဝမ်းနည်းပူဆွေးမှုများကို ဖြတ်သန်းကြုံတွေ့ခဲ့ရတတ်ပါတယ်။ ကျရှုံးမှုတွေ၊ ဝမ်းနည်းမှုတွေကို သင်ခန်းစာမယူဘဲ အတိတ်မှာဘဲ ကိုယ့်ကိုယ်ကို ပိတ်ထားရင် ရှေ့ပန်းတိုင်တွေအတွက် စိတ်အားထက်သန်မှုကို ကျဆင်းစေပါတယ်။
(၆) အထီးကျန် ဖြစ်ခြင်း
Photo : Virtual Vocations
ဒါက အိမ်မှာတစ်ယောက်တည်း အလုပ်လုပ်တဲ့ ကွီးတို့အတွက် အရေးကြီးပါတယ်။ ပတ်ဝန်းကျင် လူမှုအတွေ့အကြုံကောင်းတွေ မရှိဘဲ ကြာလာရင် စိတ်တက်ကြွမှုကို လျော့စေပါတယ်။
(၇) ဆက်တိုက်အပင်ပန်းခံခြင်း
Photo : Star Up Donut
တစ်ခါတစ်ရံမှာ ကွီးတို့အနေနဲ့ ဆက်တိုက်အပင်ပန်းခံ အလုပ်လုပ်ကြရတတ်ပါတယ်။ စိတ်ရောကိုယ်ခန္ဓာပါ ပင်ပန်းနွမ်းမယ်မှုက တဖြည်း ဖြည်းနဲ့ ကွီးရဲ့ စိတ်ထက်သန်မှုကို လျော့ကျ စေပါတယ်။
(၈) မပီပြင်သော ရည်မှန်းချက်များ
Photo : Performance Development Group
ကွီးတို့ရဲ့ အဆုံးသတ်ပန်းတိုင်က ပီပီပြင်ပြင် ရှိဖို့ လိုပါတယ်။ ရှင်းလင်းပြတ်သားသော အစီအစဉ် မရှိတဲ့အခါ မကြာခဏ စိုးရိမ်မှုကနေ စိတ်ဓါတ်ကျဆင်းနိုင်ပါတယ်။ လိုချင်တဲ့ ပန်းတိုင်ကိုလည်း ရောက်ရှိမှာ မဟုတ်ပါဘူး။
ကဲ ကွီးတို့ရေ ဘဝရည်မှန်းချက်ပန်းတိုင်အတွက် Motivation အရေးကြီးသလို တိုးတက်မှုကို ဆွဲချမဲ့ သိထားသင့်တဲ့ Motivation ကို ပျောက်ဆုံးစေမဲ့ အချက်များကိုလည်း သိထားဖို့ တင်ပြပေးလိုက်ပါတယ်။
Source : theshineapp.com
Featured Photo : Daddhism