လ တစ်လဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပြီး နောက်ထပ်လ ကို စတင်နေပါပြီ။ ကုန်ဆုံးခဲ့တဲ့ လတွေ အချိန်တွေ ကွီးတို့ တက်တက်ကြွကြွနဲ့ ပျော်ရွှင်ခဲ့ပါသလား။ လူဆိုတာ အမြဲတော့ ပျော်ရွှင်၊ စိတ်အားတတ်ကြွနေနိုင်မှာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ မှာ စိတ်ဓာတ်ကျတာတွေရှိမယ်၊ ပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဘက်ပေါင်းစုံက အခက်အခဲတွေ ရှိမယ်။ ဒီလိုစိတ်ဓာတ်ကျတာတွေ၊ တတ်ကြွမှုမရှိတာတွေ၊ စိတ်ပင်ပန်း နွမ်းနယ်နေတာတွေကို ဒီအတိုင်း ထားမယ်ဆိုရင် အချိန်ကြာလာရင် ကွီးတို့ Depression ဝင်တာ ၊ ပြင်းပြင်းထန်ထန် အထီး ကျန်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလို ဖြစ်နေတာတွေကို တစ်ခုခုနဲ့ ထိန်းကြောင်းဖို့ လိုပါတယ်။

တေးဂီတဟာ ဖျော်ဖြေရေးသက်သက်သာ မဟုတ်ဘဲ စိတ်အားထက်သန်မှုနဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းပေးနိုင်တဲ့ အရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့ စိတ်ဓာတ်ကျတာ၊ တတ်ကြွမှုမရှိတာ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတာကို သီချင်းတွေနဲ့ ကုစားနိုင်ပါတယ်။ ဒါကြောင့် ဒီ သြဂုတ်လအစမှာ တတ်တတ်ကြွကြွပျော်ပျော်ရွှင်ရွှင် နဲ့ ဖြတ်သန်းနိုင်ဖို့ ကွီးတို့ရဲ့ Motivation ကိုမြှင့်တင်ပေးနိုင်မဲ့ သီချင်းကောင်းများ ကိုဝေမျှပေးချင်ပါတယ်။

Motivation သီချင်းကောင်းများ

Photo : Thoughts from the Horizon

(၁) Stronger (What Doesn’t Kill You) – Kelly Clarkson

Source : Kelly Clarkson

ကွီးတို့ရဲ့ Motivation ကိုမြှင့်တင်ပေးနိုင်မဲ့ သီချင်းကောင်းများ ထဲက ပထမဆုံးတစ်ပုဒ်ကတော့ Kelly Clarkson ရဲ့ “Stronger (What Doesn’t Kill You)” ပဲဖြစ်ပါတယ်။ ဒီသီချင်းကို ၂၀၁၂ ဇွန်နဝါရီလ ၁၇ ရက်နေ့မှာ ဖြန့်ချီခဲ့ပါတယ်။ ဒီသီချင်းဟာ ဘဝမှာ စီစဉ်ထားတဲ့အတိုင်း မဖြစ်တဲ့အခါ အထီးကျန်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ဒီ အံသြဖွယ် တေးသွားကို နားထောင်လိုက်ပါ။ ဒီသီချင်းဟာ ဘဝနဲ့ ပတ်သတ်တဲ့ တကယ်ကို တတ်ကြွတဲ့ သံစဉ်တွေနဲ့ သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၂) You’re Beautiful – James Blunt

Source : James Blunt

ဘဝဟာ အမြဲဆိုးနေတာမျိုး၊ ကောင်းနေတာမျိုး မဟုတ်ပါဘူး။ အနိမ့်အမြင့် အတတ်အကျ ရှိတာဟာ ဘဝရဲ့ အဓိပ္ပါယ်ပါ။ အမြဲတမ်း ဘဝဟာ တစ်သတ်မတ်တည်း ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကွီးတို့ ဘဝမှာ ပျော်ရွှင်ခဲ့တဲ့အချိန်တွေ၊ နှစ်သက်ခဲ့ရတဲ့ အချိန်တွေ၊ လှပတဲ့နေ့ရက်တွေ ရှိခဲ့မှာပါ။ James Blunt ရဲ့ ” Your Beautiful” သီချင်းက ထိုအခိုက်တန့်တွေကို အောင့်မေ့သတိရ စုစည်းကာဘဝတွင် ဆက်လက်နေထိုင်ရန် လှုံ့ဆော်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကွီးတို့လည်း စိတ်ပင်ပန်းတဲ့ အချိန်မှ ကွီးတို့ပိုင်ဆိုင်ခဲ့တဲ့ လှပတဲ့နေ့ရက်တွေကို အောင့်မေ့သတိရပြီး ပြန်လည်အားတင်းထားပါ။

(၃) Not Afraid – Eminem

Source : EminemMusic

ကွီးတို့ရဲ့ Motivation ကို မြင့်တင်ပေးနိုင်မဲ့ သီချင်းကောင်းများ ထဲကနောက် တစ်ပုဒ်ကတော့ Eminem ရဲ့ “Not Afraid” ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ကွီးတို့တော်တော်များများ နားထောင်ဖူးကြပြီး ကြိုက်နှစ်သက်ကြမယ်လို့လည်း ထင်ပါတယ်။ ဒီသီချင်းရဲ့ ခေါင်းစဉ် “Not Afraid” ဆိုတဲ့အတိုင်း ကွီးတို့ဘဝမှာ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားပါ။ ဘယ်အရာကိုမှ မကြောက်ရွံ့ပါနဲ့။ ကွီးတို့ကို ဘယ်အရာကမှ တားစီးနိုင်မှာ မဟုတ်ပါဘူး။ ဘဝရဲ့အောင်မြင်မှုတွေ၊ ကိုယ်လိုချင်တဲ့အရာဆီကို ဆက်လက်လျှောက်လှမ်းပါ။ ဒီသီချင်းကို ၂၀၁၀ ဧပြီ ၂၉ မှာထုတ်ဝေခဲ့တာဖြစ်တာကြောင့် ဆယ်စုနှစ် ၁ ခုကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ Eminem ရဲ့အားကောင်းလှတဲ့ Rap စာသားတွေနဲ့အတူ ဒီသီချင်းဟာ သစ်လွင်နေဆဲ၊ ခွန်အားတွေ ပေးနေဆဲပါပဲ။

(၄) Hall of Fame – The Script

Souce : The Script

The Script ရဲ့ Hall of Fame သီချင်းဟာ စိတ်အားထက်သန်စေတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ လူတွေဟာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် မဖြစ်နိုင်တာတွေ ကိုတောင်မှ ဖြစ်အောင်လုပ်နိုင် လာပါလိမ့်မယ်။ ဘယ်အရာမဆို ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကြိုးကြိုးစားစားနဲ့ စိတ်ပိုင်းဖြတ်ပြီး လုပ်ကိုင်ပါ။ ကွီးတို့ဆန္ဒရှိရာ ဘယ်အရာမဆို ရအောင်လုပ်နိုင်မှာ ဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။ ဒီသီချင်းရဲ့ စာသားနဲ့ သံစဉ်ဟာ တကယ်ကို မြူးကြွပြီး ကွီးတို့ရဲ့ Motivation ကို မြှင့်တင်ပေးနိုင်တဲ့ သီချင်းကောင်းများ ထဲကတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၅) Fight Song – Rachel Platten

Source : Rachel Platten

Fight Song သီချင်းကို Rachel Platten က သီဆိုပြီး ဖေဖော်ဝါရီ လ ၁၉ရက်နေ့ ၂၀၁၅ မှာ ထုတ်ဝေခဲ့ပါတယ်။ ကွီးတို့ဘဝရဲ့ အနိမ့်အမြင့်အတတ်အကျတွေ ရင်ဆိုင်ရတဲ့အခါ၊ တစ်ခုခုကို ကျရှုံးပြီးနောက် Motivation မြှင့်တင်ဖို့ လိုအပ်လာပြီဆိုရင် ဒီသီချင်းလေးကိုနားထောင်လိုက်ပါ။ ဒီသီချင်းက  နားထောင်သူအား မိမိတို့ ကိုယ်ကို ယုံကြည်မှုရှိရန်နှင့် မည်သို့ပင်အတားအဆီးများ ရှိနေစေကာမူ ရှေ့ဆက် လျှောက်လှမ်းဖို့ ခွန်အားပေးထားပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ရဲ့ Motivation ကိုမြှင့်တင်ပေးမဲ့ သီချင်းကောင်းများ ပဲဖြစ်ပါတယ်။ ဘယ်အရာကိုမှ အကြာကြီး စိတ်ဓာတ်မကျပါနဲ့။ ယုံယုံကြည်ကြည်နဲ့ ပြန်ကြိုးစားပါ။ ဒီသီချင်းလေးတွေကလည်း ကွီးတို့ Motivation မြှင့်တင်တဲ့နေရာမှာ အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Source : Life Hack

Featured Photo : Lifehack