Resistance Band ကြိုးတစ်ချောင်း ရှိတယ်ဆိုရင်ပဲ ကွီးတို့ရဲ့ Muscle တွေကို ရှယ်ကိတ်လာအောင် ထိထိရောက်ရောက် ကစားလို့ရပါတယ်။ Resistance Band ကြိုးတွေက Dumbbell သို့မဟုတ် Kettlebells အလေးတုံးတွေနည်းတူ အမျိုးမျိုးသော လေ့ကျင့်ခန်းနည်းတွေကို ပုံစံပြောင်းပြီး မတူညီတဲ့ ကြွက်သားအုပ်စုတွေအတွက် ကစားနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လေ့ကျင့်ရေး ကိရိယာတွေအများကြီးမလိုပဲ Resistance Band ကြိုးတစ်ချောင်း ရှိရုံနဲ့ Muscle တွေ ကြီးထွားသန်မာလာစေဖို့ ဆော့ကစားနိုင်မယ့် လေ့ကျင့်ခန်း နည်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) Bent-Over Rear Delt Flye

Source : Solving Pain With Strength

Dumbbell နဲ့ ကစားတဲ့ Bent Over Reverse Fly လေ့ကျင့်ခန်းနဲ့ ကစားပုံချင်းဆင်တူပါတယ်။ ဒီလေ့ကျင့်ခန်းက ကိုယ်နေဟန်ထားကို တိုးတက်ကောင်းမွန်စေတဲ့အပြင် နောက်ကျော အပေါ်ပိုင်း Muscle တွေကို အဓိကသန်မာစေပြီး ပခုံးနဲ့ လည်ပင်းကြွက်သား နာကျင်မှုတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။

(၂) Spanish Squat

 

Source : MANA Performance Therapy

ဒါကတော့ Squat လေ့ကျင့်ခန်းကိုမှ Resistance Band နဲ့ ကစားရတဲ့ပုံစံ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Quads Muscle (ပေါင်အရှေ့ပိုင်းကြွက်သား) တွေကို ကြီးထွားသန်မာလာစေမယ့်အပြင် ဒူးနာဝေဒနာ ခံစားရသူတွေ ကစားသင့်တဲ့ အသင့်တော်ဆုံး Squat လေ့ကျင့်ခန်းပုံစံတစ်ခုလည်း ဖြစ်ပါတယ်။

(၃) Band Thruster

Source : Ambitious Athletics

Band Thruster လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ထိရောက်မှုရှိတဲ့ အံ့ဖွယ်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အဓိအားဖြင့်တော့ ခြေထောက် Muscle တွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို တောင့်တင်းသန်မာဖို့အတွက် ဒီလေ့ကျင့်ခန်းကို ကစားနိုင်ပါတယ်။ Resistance Band ကို အသုံးပြုပြီး ကစားရတာဖြစ်တဲ့အတွက် Barbells အလေးတွေနဲ့ကစားတာထက် အဆစ်တွေရဲ့လှုပ်ရှားမှုကို ပိုမိုလွယ်ကူစေပြီး ကြံ့ခိုင်မှုနဲ့ ခွန်အားကို မြှင့်တင်ပေးပါတယ်။

(၄) Overhead Triceps Extension

Source : SKLZ

လက်မောင်းအနောက်ဘက် Triceps Muscle တွေကို ရှယ်ကိတ်လာဖို့ဆိုရင် ဒီလေ့ကျင့်ခန်းကို ကစားပေးလို့ရပါတယ်။ လက်ကောက်ဝတ် ၊ တံတောင်ဆစ်နဲ့ ပခုံးအဆစ်တွေကို လှုပ်ရှားရပိုလွယ်စေပြီး လက်မောင်းကြွက်သားတွေကို တောင့်တင်းသန်မာလာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။

(၅) Band-Resisted Push-Up

Source : RogLawFitness

Push-Up လေ့ကျင့်ခန်းကိုမှ ကြွက်သားတွေအပေါ် ဖိအားပိုများပြီး ပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ Chest နဲ့ Triceps Muscle တွေကို ရှယ်ကိတ်ရှယ်သန်မာလာစေဖို့ ကူညီပေးပါတယ်။

Gym သွားဖို့ အချိန်မရှိသူတွေ ၊ အားကစားဆိုင်ရာ လေ့ကျင့်ရေး ကိရိယာတွေ အများကြီးမရှိသူတွေအတွက် Resistance Band ကတော်တော်လေး အသုံးဝင်တဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်လည်း Resistance Band နဲ့ကစားလို့ရတဲ့ လေ့ကျင့်ခန်းနည်းတွေ အများကြီးရှိသေးတာကြောင့် ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။ ကွီးတို့ရော Resistance Band နဲ့ လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်ပါရဲ့လား။

Featured Photo : The Fitness Phantom