ယောက်ျားလေးတိုင်းရဲ့ အိပ်မက်က ကြွက်သားထုထည်ကြီးမားပြီး တောင့်တင်းခိုင်မာတဲ့ ဘော်ဒီပုံစံမျိုးလိုချင်ကြတာပါ။ ဒါကြောင့် ဒီနေ့မှာတော့ ပိန်တဲ့ယောကျာ်းလေးတွေအတွက် ခန္ဓာကိုယ်ဘော်ဒီကိုလုံးဝပြောင်းလဲပစ်နိုင်မယ့် ထိထိရောက်ရောက်နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။

(၁) ရည်မှန်းချက်ထားပါ

Weight male dumbbell adult fitness

Photo : Freepik

ကြွက်သားတက်ဖို့က ရေရှည်စီမံကိန်းပါ။ ဒါကြောင့် ရည်မှန်းချက်တစ်ခုချမှတ်ပြီး စိတ်ရှည်ရှည်လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်လချင်းကိုယ်ရဲ့ တိုးတက်မှုတွေကိုလည်း မှတ်တမ်းတင်ထားပါ။ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ ဘော်ဒီပြောင်းလဲမှုခရီးစဉ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၂) လောင်စာဖြည့်ပေးပါ

Grilled steak on table

Photo : Freepik

ကြွက်သားတွေအတွက် လောင်စာကတော့အဓိကအားဖြင့် အစားစားခြင်းဖြစ်ပါတယ်။ တစ်နေ့တာအတွက် လုံလောက်တဲ့ ပရိုတင်းဓာတ် ကာဘိုဟိုက်ဒရိတ်ဓာတ်တွေကိုစားသုံးခြင်းဖြင့် ကြွက်သားအရင်းအမြစ်ကိုတိုးတက်စေမှာဖြစ်ပါတယ်။ကြက်သား အမဲသား ငါး ကြက်ဥ အစေ့အဆန် နို့ အခွံမာသီးစတဲ့အစားအစာတွေကိုစားသုံးပေးပါ။

(၃) အိပ်ချိန်ပြည့်ပြည့်ဝဝ သတ်မှတ်ထားပါ

Young guy sleeping in bed wearing smartwatch or sleep tracker

Photo : Freepik

ဘော်ဒီတည်ဆောက်နေသူတစ်ယောက်အတွက်အိပ်စက်ချိန်ကလည်း အရမ်းကိုအရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်ရှိမှသာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေတိုးတက်လာပြီး ကြွက်သားတည်ဆောက်ရာမှာအထောက်အပံ့ဖြစ်စေမှာပါ။ဒါကြောင့် တစ်နေ့ကို ပုံမှန် ၈ နာရီလောက်ပြည့်ပြည့်ဝဝအိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။ မလိုအပ်ပဲ အိပ်ရေးပျက်ခံတာမျိုးတွေ ရှောင်ကျဉ်ပါ။

(၄) အလွန်အကျွံအလေးမခြင်းကိုရှောင်ပါ

Training cross fit at the gym

Photo : Freepik

ကြွက်သားမြန်မြန်ထွက်ချင်စောနဲ့ အလေးမခြင်းကို အလွန်အကျွံလုပ်တာဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဝိတ်တက်ချင်ရင် အလေးမလေ့ကျင့်ခန်းတစ်ခုပြီးတိုင်း ခဏတာကြွက်သားတွေကိုအနားပေးရပါတယ်။ ပြီးမှသာနောက်ထပ်လေ့ကျင့်ခန်းတစ်ခုကိုဆက်လုပ်ရမှာပါ။

လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားအနားယူခြင်းမရှိပဲ အလွန်အကျွံပြုလုပ်နေမိရင် ကြွက်သားတက်ခြင်းကိုနှေးကွေးသွားစေမှာဖြစ်ပါတယ်။ တစ်နေ့ကို ကစားချိန် ၁ နာရီ တစ်ပတ်ကိုအနည်း ၄ ရက်လောက်ကစားမယ်ဆိုရင် လုံလောက်တယ်ပြောလို့ရပါတယ်။