ခန္ဓာကိုယ်တောင့်တင်းသန်မာဖို့အတွက် ကြိုးစားနေကြတဲ့ ဘော်ဒီတည်ဆောက်နေသူတွေအတွက် မှန်ကန်တဲ့ အစားအသောက် နေထိုင်မှုပုံစံတွေ အကြောင်းပြောပြပေးချင်ပါတယ်။

ရေဓာတ်

Source : Envato Elements

Gym ကစားတဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်က လှုပ်ရှားမှုများပြီး ချွေးထွက်ကာ ရေဓာတ်ဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် ရေဓာတ်အလုံအလောက်ပြန်လည် ဖြည့်တင်းပေးမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အားကစား လုပ်နေချိန်အတွင်းမှာရော အနားယူနေချိန်မှာပါ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ပြီး အားကစားလုပ်တဲ့အချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။

အစားအသောက်

Healthline

Gym ကစားပြီး ခန္ဓာကိုယ်က ကြွက်သားထုတည်ကို တည်ဆောက်နေသူတွေအတွက် အစားအသောက်ကလည်း အများကြီး အရေးပါပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် ဗီတာမင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင်ဓာတ်ဖြည့်တင်းဖို့ဆိုရင် ဟင်းသီးဟင်းရွက်နဲ့ လတ်ဆတ်တဲ့သစ်သီးဝလံတွေ စားပေးဖို့လိုပါတယ်။ ဒါ့အပြင် အသီးအရွက်တွေနဲ့အတူ အသား၊ ငါး၊ ကြက်ဥ နွားနို့စတဲ့ ပရိုတင်းဓာတ် အလုံအလောက်ပါဝင်တဲ့ အစားအစာတွေကိုလည်း မျှတစွာစားသုံးပေးရပါမယ်။

Gym ကစားနေစဉ် အချိန်အတွင်းမှာလည်း ပရိုတင်းဖြည့်စွက်အစားစာတွေ ဖျော်ရည်တွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။ အဆီအစိမ့်ဓာတ်များတဲ့ အစားသောက်တွေ အငန်ဓာတ် အချိုဓာတ်လွန်ကဲစွာပါဝင်တဲ့ အစားအသောက်တွေကိုတော့ ရှောင်ကြဉ်ပါ။ ဒီလိုအစားအစာတွေ စားနေမယ်ဆိုရင်တော့ ပင်ပင်ပန်းပန်းကစားခဲ့သမျှ အလကားဖြစ်မှာ ဖြစ်ပြီး သွေးတိုး ၊ နှလုံး ၊ ဆီးချို စတဲ့ရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။

အိပ်စက်ချိန်

Source : Elemental – Medium

Gym တော့ကစားနေပါရက် အိပ်စက်ချိန်လွဲမှားနေတယ်ဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ ယနေ့ခေတ်မှာ ဖုန်းတွေ အင်တာနက်တွေ အသုံးများလာတာကြောင့် တော်တော်များများ အိပ်စက်ချိန်နည်းတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပေးဖို့လိုပါတယ်။ Body Build လုပ်နေတဲ့သူတွေအတွက် အိပ်စက်ချိန်မှန်ကန်ဖို့ ပိုပြီးတောင်လိုအပ်ပါတယ်။ ဒါကြောင့် ပြည့်ပြည့်ဝဝအိပ်စက်ပြီး ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ Energy တွေဖြည့်တင်းပေးရပါမယ်။