ယနေ့ခေတ်မှာ လူအများက ဝိတ်လျော့ဖို့ရန်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်သော Diet များ စားသုံးလေ့ရှိပါတယ်။ ဒီလိုမျိုး နည်းစနစ်ကျကျ စားသုံးတဲ့အခါ ဘယ်အစားအစာတွေက ဝိတ်ကျစေသလဲ။ ဘယ်လိုအချိန်မျိုးက ဝိတ်လျော့ဖို့အကောင်းဆုံးလဲ စသည်ဖြင့် စံသတ်မှတ်ချက် ရှိကြပါတယ်။

ဒါပေမဲ့ အချို့စံသတ်မှတ်ချက်ကတော့ လွဲမှားနေတဲ့အယူအဆများဖြစ်တာကြောင့် သင့်ရဲ့ဝိတ်ချမယ့်အစီအစဉ်အတွက် အထောက်အကူဖြစ်မှာမဟုတ်ပါဘး။ ဒီဆောင်းပါးလေးထဲမှာတော့ ဝိတ်ချချင်တဲ့ အမျိုးသားများအတွက် ဖျောက်ဖျက်သင့်ပြီဖြစ်တဲ့ အယူအဆအမှားများကို ဖော်ပြပေးလိုက်ရပါတယ်။

ည ၆ နာရီနောက်ပိုင်း ထမင်းမစားရတော့ဘူးဆို

healthy diet and lifestyle for men

Source: Myanmore.com

တကယ်တော့ ထိုသီအိုရီက မှားနေပါတယ်။ သင် အိပ်ရာဝင်ခါနီး ၃ နာရီအလို (သို့) ၄ နာရီအလိုခန့်အထိ စားသုံးနိုင်ပါသေးတယ်။ ဒါပေမဲ့ အများကြီး မစားဘဲ ပေါ့ပေါ့ပါးပါးလေးပဲ စားသုံးသင့်ပါတယ်။

သစ်သီးဖျော်ရည်များများ သောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆို

healthy diet and lifestyle for men

တစ်နေ့ကို သစ်သီးဖျော်ရည် သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။

ထမင်းလိပ်က ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆို

healthy diet and lifestyle for men

Source: Properfoodie.com

ဘယ်ထမင်းလိပ်အမျိုးအစားမှာမဆို ကယ်လိုရီအများအပြားပါဝင်တာကြောင့် ဝိတ်ချချင်သူများအတွက် မသင့်တော်ပါဘူး။

ချောကလက်က ဝိတ်ချချင်သူများအတွက် မကောင်းဘူးဆို

healthy diet and lifestyle for men

Source: Indvstrvs.com

Dark ချောကလက်လေး တစ်တုံးခန့် စားသုံးခြင်းကတော့ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်တာကြောင့် တစ်နေ့ကို Dark ချောကလက်တစ်တုံးခန့် စားသုံးသင့်ပါတယ်။

ထမင်းစားတဲ့အကြိမ်ရေ နည်းလေ ဝိတ်မြန်မြန်ကျလေဆို

healthy diet and lifestyle for men

Source: Trifectanutrition.com

လေ့လာတွေ့ရှိချက်များအရ တစ်နေ့ကို ထမင်း ၅ ကြိမ် (သို့) ၆ ကြိမ်ခန့် စားသုံးသူများက ဝိတ်ပိုကျတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ကြိမ်ထမင်းစားတိုင်းမှာ နည်းနည်းချင်းစီပဲ စားသုံးပေးသင့်ပါတယ်။

သစ်သီးများက ဟင်းသီးဟင်းရွက်များလိုပဲ ကျန်းမာရေးနဲ့ ညီညွှတ်တယ်

healthy diet and lifestyle for men

Source: Chowhound.com

တကယ်တော့ ဟင်းသီးဟင်းရွက်များက သစ်သီးများထက် ပိုပြီး ကျန်းမာရေးနဲ့ ညီညွျှွှ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ဟင်းသီးဟင်းရွက် ၄ ဆ၊ သစ်သီး ၁ ဆ စားသုံးသင့်ပါတယ်။

Source: Brightside.me