အားလပ်ရက်မှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ကြည့်ပြီး အေးအေးဆေးဆေး Chill ချင်တဲ့ ဘရိုတို့အတွက် ဒီတစ်ခေါက်မှာတော့ ရွေးချယ်စရာများတဲ့ Netflix စီးရီးကောင်းတွေထဲကမှ အကောင်းဆုံး Mini စီးရီး အချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Inside Man

Source : BBC

Inside Man စီးရီးကတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ စတင်ထွက်ရှိခဲ့တဲ့ Netflix ရဲ့ မူရင်းစီးရီး ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဓားပြအဖွဲ့တစ်ခုနောက်ကိုလိုက်တဲ့ မှုခင်းသည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ နာမည်ကြီး စီးရီး “Money Heist” ကို ဖန်တီးခဲ့သူ စပိန်ရုပ်သံဇာတ်လမ်းတွဲ ပရိုဂျူဆာ Alex Pina ရဲ့ နောက်ထပ် လက်ရာတစ်ခုဖြစ်ပြီး Aitor Luna ၊ Nicolas Furtado နဲ့ Luis Tosar တို့လို ထိပ်တန်း သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ Inside Man စီးရီးဟာ Reviews ကောင်းတွေ ရရှိထားတာ ဖြစ်လို့ Crime Thriller စီးရီးကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမှာပါ။

(၂) The Midnight Club

Source : Netflix

The Midnight Club စီးရီးက အမေရိကန် စာရေးဆရာ Christopher Pike ရဲ့ နာမည်တူ ဝတ္ထုကို ပြန်လည်အခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ သဘာဝလွန် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဒရာမာစီးရီး ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တည်းခိုဂေဟာတစ်ခုက ဆယ်ကျော်သက် အုပ်စုတစ်စုအကြောင်း နောက်ခံထား ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဒီလူငယ်တွေဟာ သူတို့ရဲ့ မျှော်လင့်ချက် ၊ ကြောက်ရွံ့မှုနဲ့ အိပ်မက်တွေကို အချင်းချင်းမျှဝေဖို့ “Midnight Club” လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြတာပါ။ The Midnight Club စီးရီးက ထူးချွန်ထက်မြက်ပြီး Talent ရှိတဲ့ လူငယ်လေးတစ်ယောက် အကြောင်းကိုလည်း ရိုက်ကူးဖော်ပြထားတာ ဖြစ်တဲ့အတွက် တကယ်ကိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

(၃) From Scratch

Source : Netflix

From Scratch စီးရီးက အမေရိကန် သရုပ်ဆောင် Tembi Locke ရဲ့ အရောင်းရဆုံး ကိုယ်တွေ့ ဘဝမှတ်တမ်းကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်း ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက Saro လို့ခေါ်တဲ့ အီတလီလူမျိုး အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့တဲ့ Tembi ရဲ့ ဘဝဇာတ်လမ်းကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ လူမျိုးမတူတဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးလမ်း တစ်လျှောက်က ဘဝပုံရိပ်တွေ ၊ ဝမ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက်ဆိုးတွေကို ကြည့်ရှုခံစားရမှာ ဖြစ်တဲ့အပြင် အီတလီရိုးရာ အစားအစာတွေနဲ့ Sicily မြို့လေးရဲ့ လှပတဲ့ ရှုခင်းတွေကိုလည်း တဝကြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၄) The Queen’s Gambit

Source : Netflix

The Queen’s Gambit ကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလထဲမှာ ထွက်ခဲ့တဲ့ Netflix ရဲ့ Original Limited စီးရီးပါ။ ဒီဇာတ်ကားက အမေရိကန် စာရေးဆရာ Walter Tevis ရဲ့ နာမည်တူ ဝတ္ထုကို အခြေခံထားပြီး မင်းသမီး Anya Taylor-Joy က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ The Queen’s Gambit စီးရီးဟာ ပရိသတ် ချီးကျူးသံတွေ ကျယ်ကျယ်လောင်လောင် ရခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်သလို ရွှေကမ္ဘာလုံးဆု ၂ ဆုအပါအဝင် အခြား ဂုဏ်ပြုဆုများစွာလည်း ရရှိထားတာ ဖြစ်ပါတယ်။ Historical Drama ဇာတ်ကားကောင်းကောင်း ကြည့်ချင်ရင်တော့ The Queen’s Gambit စီးရီးက ရုပ်ရှင်ဝါသနာအိုးတွေကို လုံးဝစိတ်ပျက်စေရမှာ မဟုတ်ပါဘူး။

(၅) Unbelievable

Source : Netflix

Unbelievable စီးရီးက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ရှုသူတွေကို စိတ်ခွန်အားများစွာပေးမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ ဒီစီးရီးလေးဟာ ပရိသတ် ချီးကျူးမှုတွေအများကြီး ရရှိထားသလို အထူးသဖြင့် Marie Adler ဇာတ်ကောင်နေရာမှာ ပါဝင်ထားတဲ့ အမေရိကန် မင်းသမီးချော Kaitlyn Dever ရဲ့ အောင်မြင်မှု အနုပညာမှတ်တိုင် တစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ Unbelievable စီးရီးကနေ ရုပ်ရှင်ချစ်သူတွေအနေနဲ့ ခက်ခဲတဲ့အကြောင်း ကိစ္စတွေကို သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းပုံတွေကို လေ့လာနိုင်မှာ ဖြစ်သလို ဒဏ်ရာတွေရဲ့ရှုပ်ထွေးမှုတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအပေါ် ၎င်းတို့ရဲ့ သက်ရောက်ပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။

အားလပ်ရက်မှာ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ နှပ်ချင်တဲ့ ဘော်ဒါတွေကတော့ အခုပြောပြတဲ့ ဇာတ်ကားကောင်းတွေနဲ့ ရှယ် Chill လိုက်တော့ဗျာ။

Featured Photo : Heaven of Horror