ကွီးတို့ရေ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ရောက်ရှိဖို့အတွက် ရက်ပိုင်းလေးသာ လိုပါတော့တယ်။ အားလုံးစောင့်မျှော် နေကြတဲ့ နှစ်သစ်ကူး ညလေးလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ နှစ်သစ်ကူးညလေးမှာ ကိုယ်ပိုင်ဖြတ်သန်းမယ့် အစီအစဉ်လေးတွေ ရှိကြပါတယ်။ ကွီးတို့မှာရော ဘယ်လို အစီအစဉ်လေး ရှိပါသလဲ။ တကယ်လို့ ကွီးတို့က New Year ကို အကောင်းဆုံး ဘယ်လို ဖြတ်သန်းရမလဲဆိုတာ စဉ်းစားနေရင် ဒီဆောင်းပါးလေးကတော့ ကွီးတို့အတွက်ပါပဲ။
ပါတီလေး လုပ်ပါ
Photo : The Time of India
New Year ညမှာ တော်တော်များများကတော့ မိသားစုတွေနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ အိမ်မှာပဲ စားသောက်ဖွယ်ရာ အပြည့်အစုံနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေ စုပြီးတော့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုပြီးတော့ပဲ ဖြစ်ဖြစ် ပါတီ အသေးစားလေး လုပ်ပြီး နှစ်သစ်ကို ကြိုဆိုပါ။ ဒီနည်းလမ်းလေးကလည်း ကွီးတို့ရဲ့ မိသားစုဝင် အချင်းချင်းဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ ချစ်ခင်မှုနဲ့ အမှတ်တရတွေ တိုးစေပြီး သံယောဇဉ်ကြိုးတွေ ပိုမိုခိုင်မာစေပါတယ်။
အနားယူပါ
Photo : Svago.com
နှစ်သစ်ကူးညမှာ ဘယ်လိုဖြတ်သန်းရမလဲ စဉ်းစားနေရင် ကိုယ်ရော စိတ်ပါ အနားပေးလိုက်တာကလည်း နည်းလမ်းကောင်း တစ်ခုပါ။ ကွီးတို့ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့တာတွေ ရှိမယ်၊ ခက်ခဲခဲ့တာတွေ ရှိမယ်၊ အဲ့ဒါတွေက ပြီးဆုံးသွားပါပြီ။ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့တာတွေကို ဖြေလျော့ပစ်ဖို့ စိတ်ရော ကိုယ်ပါ အနားပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်ရင်း ကော်ဖီလေးသောက်ရင်းနဲ့ နှစ်သစ်ကို ကြိုလိုက်ပါ။ ပြီးရင် အားရပါးရ အိပ်စက်အနားယူရင်း နှစ်သစ်ကို အားအပြည့်နဲ့ ဖြတ်သန်းလိုက်ပါ။
ရုပ်ရှင်တွေ ကြည့်ပါ
Photo : Good House Keeping
ကွီးတို့ တစ်ကိုယ်တော် ဖြစ်စေ ချစ်ခင်ရသူတွေနဲ့ ဖြစ်စေ New Year ညကို ဖြတ်သန်းဖို့ စဉ်းစားနေတယ်ဆိုရင် ရုပ်ရှင်တွေကြည့်ရင်း ဖြတ်သန်းတာလည်း စိတ်ကူးကောင်းပါပဲ။ နှစ်သစ်ကူးညနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းတွေ အများကြီးရှိသလို နှစ်သစ်ကူးကို ပိုမို အသက်ဝင်အောင် ဖော်ကျိူးပေးနိုင်တဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ ဒါမှမဟုတ် ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတွေကို ကြည့်ပြီး အမြင်တွေ ဖလှယ်ရင်း၊ ငြင်းရင်း ခုန်ရင်း နှစ်သစ်ကူးကို ကြိုဆိုနိုင်ပါတယ်။
Staycation နေပါ
Photo : Popsugar UK
နှစ်သစ်ကူးမှာ ခရီးလည်း သွားချင်တယ်၊ အပန်းလည်းဖြေချင်တယ် ဒါမဲ့ အချိန်လုံလုံလောက်လောက် မရှိဘူးဆိုတဲ့ ကွီးတို့အတွက် Staycation နေလို့ ရပါတယ်။ ချစ်သူလေးနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ ဟိုတယ်မှာ ဘိုကင်လုပ်ပြီး နှစ်သစ်ကူးညကို ကုန်ဆုံးလိုက်ပါ။ ဒီလို နှစ်သစ်ကူးကို ဖြတ်သန်းခြင်းက ကွီးတို့အတွက် ခံစားမှုနဲ့ ပျော်ရွှင်မှု အသစ်အဆန်းကို ရရှ်စေပါတယ်။ ဟိုတယ်က ပြုလုပ်တဲ့ နှစ်သစ်ကူး အစီအစဉ်တွေကိုလည်း ပါဝင်ဆင်နွှဲလို့ ရပါတယ်။ တစ်ယောက်တည်း နားအေး ပါးအေးနဲ့ အနားယူချင်တဲ့ သူများအတွက်လည်း ဒီနည်းလမ်းလေးကို အသုံးချလို့ ရပါတယ်။ တစ်ခု သတိထားရမှာက ဟိုတယ်ကို ကြိုတင်ဘိုကင် လုပ်ဖို့တော့ လိုမယ်နော်။
ကွီးတို့ရေ ဒီနည်းလမ်းလေးတွေ အသုံးချပြီး New Year ကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးညလေး ပိုင်ဆိုင်စေဖို့ ဆန္ဒပြုလျက်………
Source : Gentleman Journal
Featured Photo : Vista Create