မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကိုကြိုဆိုရမယ့် နှစ်ကူးအချိန်အခါလေးကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ၂၀၂၂ ခုနှစ်ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုဖို့အတွက် ရယ်ဒီပဲလား။ နှစ်သစ်ကူး အချိန်အခါလေးကို ချစ်ရတဲ့ မိသားစုဝင် ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ကြိုဆိုကြမယ့် ကွီးတို့အတွက် New Years ပါတီ နဲ့ အလိုက်ဖက်ဆုံး သောက်စရာ ကော့လ်တေး အမယ်လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) French Martini

Photo : A Couple Cooks

New Years ပါတီ နဲ့ အလိုက်ဖက်ဆုံး ကော့လ်တေး Drink တစ်မျိုးကတော့ French Martini ပဲ ဖြစ်ပါတယ်။ French Martini ကော့လ်တေးကို Vodka ၊ Pineapple Juice ၊ Raspberry Liqueur တို့နဲ့ အဓိက ပေါင်းစပ်ဖျော်ထားပါတယ်။ လတ်ဆတ်တဲ့အသီးရနံ့သင်းသင်းလေးနဲ့ လန်းဆန်းစေတဲ့ ကော့လ်တေးတစ်ခွက်ဖြစ်လို့ New Years ပါတီမှာ တည်ခင်းဖို့အကောင်းဆုံး ဖြစ်ပါတယ်။

(၂) Pomegranate Gin Fizz

Photo : A Couple Cooks

ချိုမြိန်ပြီး Refreshing ဖြစ်တဲ့ ကော့လ်တေးမျိုး သောက်ချင်တယ်ဆိုရင်တော့ Pomegranate Gin Fizz ကော့လ်တေး က အကောင်းဆုံးပါပဲ။ ဒီကော့လ်တေးကို Gin ၊ သလဲသီး Juice ၊ Lemon Juice ၊ Simple Syrup ၊ ကြက်ဥအကာ ၊ Club Soda တို့နဲ့ ရောစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပြီး New Years ပါတီ အတွက် အလိုက်ဖက်ဆုံး ကော့လ်တေး အမယ်တစ်မျိုးဖြစ်ပါတယ်။

(၃) Toasted Almond Drink


Photo : A Couple Cooks

New Years ပါတီ မှာ သောက်ဖူးနေကျ ကော့လ်တေးတွေနဲ့မတူပဲ အသစ်အဆန်းလေး Try ကြည့်ချင်တယ်ဆိုရင်တော့ Toasted Almond Drink ကို ညွှန်းပေးချင်ပါတယ်။ Toasted Almond Drink ကို Vodka ၊ Amaretto ၊ Coffee Liqueur ၊ Heavy Cream စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိကဖျော်စပ်ပြီး အရသာကတော့ အချိုပွဲတစ်ပွဲကို စားရသလို ဖီလင်မျိုး ရစေမှာ ဖြစ်ပါတယ်။

New Years ပါတီမှာ ထွေထွေထူးထူး အလုပ်မရှုပ်ချင်ပဲ လွယ်လွယ်ကူကူ ပြင်ဆင်တည်ခင်း သောက်နိုင်မယ့် Drink တွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ရှန်ပိန်က အကောင်းဆုံး သောက်စရာအမယ် တစ်မျိုးပဲ ဖြစ်ပါတယ်။

Featured Photo : Mental Floss