နိုင်ငံရပ်ခြားကို အလည်အပတ်ရောက်ရှိနေစဥ် ထိုနိုင်ငံရဲ့ Nightlife ကို ဆင်နွှဲကြည့်သင့်ပါတယ်။ တကယ်ကို အတွေ့အကြုံအသစ်၊ ခံစားမှုအသစ်တွေရမှာတော့ အမှန်ပါပဲ။ နေရာအသစ်မှာ Nightlife ကို ဖြတ်သန်းတာဟာ စွန့်စားမှုတစ်ခုအနေနနဲ့ စိတ်လှုပ်ရှားစရာကောင်းစေမှာပါ။ ဒါပေမဲ့ ကိုယ်မကျွမ်းကျင်သော နေရာဒေသမှာ အထူးသဖြင့် နိုင်ငံခြားမှာ Nightlife ကို အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ဖို့သိထားရမဲ့ အချက်တွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။

အုပ်စုလိုက်သွားပါ

 Nightlife အန္တရာယ်ကင်းကင်း

Photo : Discotech

ကွီးတို့အနေနဲ့ နိုင်ငံခြားမှာ Nightlife ကို အန္တရယ်ကင်းကင်း ဖြတ်သန်းနိုင်ဖို့ဆိုရင် တစ်ယောက်တည်းမသွားဘဲ၊ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့သွားသင့်ပါတယ်။ ကွီးတစ်ယောက်တည်းဖြစ်​နေတယ်ဆိုရင် ဒေသခံမိတ်ဆွေ တစ်ယောက်ယောက်ရဲ့ အကူအညီကိုယူပါ။ သွားမဲ့နေရာကိုလည်း ကြိုတင်ဆုံးဖြတ်ထားပြီး လေ့လာထားတာလည်း မမှားပါဘူး။

ကွီးတို့ရဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ စသည်တို့ကို လည်း မပျောက်ရှစေရန် သေချာထိန်းသိမ်း ယူဆောင်သွားဖို့လိုပါတယ်။ ပြီးလျှင် တစ်စုံတစ်ခုဆိုလျှင် အရေးပေါ်ဆက်သွယ်နိုင်ရန်အတွက် စာရွက်ထဲမှာ ရေးမှတ်ထားပြီး သေချာသိမ်းဆည်းပါ။ ဒါမှသာ ကွီးတို့ဖုန်းပျောက်သွားပါက တစ်စုံတစ်ယောက်ထံ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

အသွားအပြန်အတွက် စီစဉ်ထားပါ

 Nightlife အန္တရာယ်ကင်းကင်း

Photo : Wallpaper Safari

ကွီးတို့ရေ ကိုယ်မကျွမ်းကျင်သေးတဲ့နေရာမှာ သွားရောက်ပျော်ပါးဖို့ဆိုရင် အသွားအပြန်အတွက် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ ကွီးတို့အနေနဲ့ Nightlife ကို ဖြတ်သန်းမဲ့ သူငယ်ချင်းတွေအားလုံး ဒါမှမဟုတ် ဒေသခံကိုယ်တိုင်ပါဝင်သည်ဖြစ်စေ၊ ကားလုံးဝမမောင်းတာအကောင်းဆုံးပါ။ အထူးသဖြင့် Nightlife ကိုပျော်ပျော်ပါးပါးဖြတ်သန်းရင်း အယ်လ်ကိုဟော မှီဝဲနိုင်တာကြောင့် အပြန်ကိုလုံးဝ ကားမောင်းတာမျိုးမလုပ်သင့်ပါဘူး။ Uber နဲ့ Grab ကဲ့သို့သော အငှားယာဉ်များ အသုံးပြုပါ။

နောက်တစ်ချက်ကတော့ ကွီးတို့ သူငယ်ချင်းတွေ ပြန်မဲ့အချိန်နဲ့ ကိုကြိုတင်တိုင်ပင်ထားပါ။ ထိုနောက် ပြန်ဆုံရမဲ့ စုရပ်ကိုလည်း သေချာပြင်ဆင် သတ်မှတ်ထားသင့်ပါတယ်။ ဒါမှသာ ကွီးတစ်ယောက်တည်း ကျန်ခဲ့တာမျိုး သိုမဟုတ် အခြားတစ်ယောက်ယောက် ကျန်ခဲ့တာမျိုးမဖြစ်မှာပါ။ ကွီးတို့အနေနဲ့ မှောင်နေသေးတဲ့ အချိန်မှာ တစ်ယောက်တည်း စောပြန်သွားမျိုး လုံးဝကိုရှောင်ရပါမယ်။ လမ်းပေါ်မှာလည်း ကွီးတို့အတွက် မမျှော်လင့်တဲ့ အန္တရာယ်တွေ တွေ့ကြုံနိုင်လို့ ဖြစ်ပါတယ်။

အပြုအမူကို ထိန်းသိမ်းပါ

 Nightlife အန္တရာယ်ကင်းကင်း

Photo : White Sands Treatment Center

ကွီးတို့ရေ နိုင်ငံရပ်ခြားမှာ Nightlife ကို ဖြတ်သန်းပြီဆိုရင် ကွီးတို့ရဲ့ အပြုအမူတွေကိုလည်း သတိထားဖို့ လိုပါတယ်။ ကွီးတို့အနေနဲ့ ဘားတွေမှာ သွားရောက်ပြီး သူငယ်ချင်းတွေနဲ့ပဲ Chill သည်ဖြစ်စေ၊ ကလပ်တွေမှာ သွားရောက်ပျော်ပါးသည်ဖြစ်စေ၊ နိုင်ငံရပ်ခြားရောက်နေတယ်ဆိုတာ သတိပြုပြီး အပြုအမူကို ဆင်ခြင်ရပါမယ်။

တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူတာမျိုး၊ အထူးသဖြင့် အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ပေးတာမျိုးတွေကို ရှောင်ပါ။ ဒါ့အပြင် အပျော်လွန်တာမျိုး၊ အလွန်အကျွံသောက်တာမျိုး လည်းရှောင်ရပါမယ်။ အလွန်အကျွံသောက်ထားမိရင် ကိုယ်မသိလိုက်ဘဲ အမှားပြုလုပ်မိနိုင်ပါတယ်။ ဒီလိုအချက်တွေက ကွီးတို့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ အချက်တွေပါပဲ။

ရန်ပွဲများနဲ့ ဝေးဝေးရှောင်ပါ

Fighting

Photo : Criminal Defense Attorney

ကွီးတို့ရေ နိုင်ငံခြားမှာ Nightlife ကို အန္တရာယ်ကင်းကင်း ဆင်နွှဲနိုင်ဖို့ဆိုရင်တော့ အခုဖော်ပြမဲ့ အချက်တကယ်ကို အရေးကြီးပါတယ်။ Nightlife ကိုဖြတ်သန်းဖို့ဆိုရင် များသောအားဖြင့် ကလပ်လို ဘားလိုနေရာမျိုးကို အများဆုံးသွားကြပါတယ်။ ထိုနေရာမျိုးက သောက်စားပျော်ပါးကြတဲ့ နေရာများဖြစ်တဲ့အတွက် ရန်ပွဲများ ဖြစ်ပွားတတ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုရန်ပွဲများသို ဝင်ပါခြင်း ကိုရှောင်ပါ။ ရန်ပွဲ ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွားခြင်းတွေ့ရှိပါက ဘား၊ ကလပ်မှ တာဝန်ရှိသူများ၊ လုံခြုံရေးများ နဲ့နောက်ဆုံးအဆင့် အနေဖြင့် ရဲကို အကြောင်းကြားပါ။

အခု‌ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အနေနဲ့ နိုင်ငံရပ်ခြားမှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာ ပဲဖြစ်ဖြစ် Nightlife ကို ဘေးကင်းလုံခြုံစွာနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲနိုင်ဖို့ ဒီအချက်တွေကို သိရှိထားပြီးလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Featured Photo : Review journal