တစ်ကိုယ်တည်း ခရီးသွားသူများအနေနဲ့ Nightlife ကို သူစိမ်းမြို့မှာ ပျော်ပျော်ပါးပါး နှင့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။

ခရီးသွားပြီဆိုတာနဲ့ ထိုမြို့ရဲ့ Nightlife ကို ပျော်ပျော်ပါးပါး ခံစားခြင်းသည် မပျက်မကွက်ပြုလုပ်သင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ သို့သော် သူစိမ်းမြို့တစ်မြို့ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အန္တရာယ်ကို ကိုယ်ကိုယ်တိုင် ကြည့်ရှောင်ဖို့လိုအပ်ပါလိမ့်မယ်။

ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်များကို ကျင့်သုံးပြီး သူစိမ်းမြို့တစ်မြို့မှာ Nightlife ကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ပါ။

လုံခြုံဘေးကင်းဖို့သည် အဓိကအကျဆုံးပါ

nightlife ပျော်ပျော်ပါးပါး

ကိုယ်သွားမယ့် ဘားတို့ ကလပ်တို့သည် ဘယ်နေရာမှာ တည်ရှိသလဲဆိုတာကို အရင်ဦးဆုံး လေ့လာထားပါ။ ထိုနေရာဆီသို့ သွားတဲ့အခါ တက္ကစီ စီးသွားမှာလား။ ပြန်မယ့်အချိန်ကိုလည်း တက္ကစီ တစ်စီး ကြိုတင်ဘိုကင် ချိတ်ထားလိုက်ပါ။ တကယ်လို့ သင် အမူးလွန်ခဲ့သည်ရှိသော် ထိုတက္ကစီဖြင့် သင် တည်းခိုတဲ့နေရာဆီ အရောက်ပို့ခိုင်းလိုက်ပါ။

ဘားမှာ ထိုင်နေပါ

nightlife ပျော်ပျော်ပါးပါး

Solo ခရီးသွားများသည် ခါးပိုက်နှိုက်များဖြင့် အခြားသော လူဆိုးများရဲ့ သားကောင်းတစ်ယောက်ဖြစ်တတ်ပါတယ်။ တကယ်လို့သင်သည် ဘားမှာပဲ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ထိုင်ပြီး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေမယ်ဆိုရင်တော့ ထိုသူများရဲ့ အန္တရာယ်ကနေ ရှောင်လွဲလို့ရပါတယ်။

ဒေသစကားကို ပြောဆိုတတ်အောင် လေ့ကျင့်ထားပါ

nightlife ပျော်ပျော်ပါးပါး

သူတို့ရဲ့ ဘာသာစကားကို ပြောတတ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ နိုင်ငံခြားခရီးဆိုရင်တောင်မှ သူတို့ဘာသာစကား ပြောတတ်သည့်တိုင် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ကိုယ်သည် နယ်ခံတစ်ယောက်မဟုတ်တာ သိသာပါတယ်။ ဒါ့ကြောင့် အနည်းဆုံးတော့ သူတို့ရဲ့ ဘာသာစကားကို လေ့လာထားပါ။

ကိုယ့်ရဲ့အတိုင်းအတာကို အမြဲတမ်း ချိန်ဆပါ

nightlife ပျော်ပျော်ပါးပါး

ကိုယ့်ရဲ့ရေချိန်အတိုင်းအတားကို သိဖို့လိုအပ်ပါတယ်။ အလွန်အကျွံ မူးသွားတဲ့အထိ မသောက်သင့်ပါဘူး။ လူမှန်းသူမှန်း မသိအောင် မူးသွားပြီဆိုတာနဲ့ သင့်အတွက် အန္တရာယ်ရှိနိုင်သွားပါပြီ။

ဖုန်းကို လက်ထဲမှာ အလွယ်တကူ ဆောင်ထားပါ

nightlife ပျော်ပျော်ပါးပါး

Photo: VideoHive

ကိုယ် တစ်စုံတစ်ရာ အန္တရာယ် ကျရောက်လာတဲ့အခါ မြန်မြန်ဆန်ဆန် ဖုန်းဆက်နိုင်ဖို့ရန်အတွက် ဖုန်းကို လက်လှမ်းမှီတဲ့နေရာမှာ ထားထားပါ။ ဖုန်းတခြား လူတခြား မဖြစ်ပါစေနဲ့။

ကိုယ် ဘယ်နေရာ ရောက်နေသလဲဆိုတာ ခင်မင်ရင်းနှီးသူထံ ပြောပြထားပါ

nightlife ပျော်ပျော်ပါးပါး

ယနေ့ခေတ်မှာ နည်းပညာတွေကလည်း တော်တော်လေးကို ခေတ်စားလာပြီဆိုတော့ ကိုယ့်ရဲ့ တည်နေရာကိုလည်း အလွယ်တကူ Share ပေးလို့ရနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ် ယုံကြည်ရသူထံ ကိုယ် ဘယ်သွားမှာ ဘာလုပ်မယ်ဆိုတာ ပြောပြထားပါ။ လိုအပ်ပါက တည်နေရာ Share ပေးထားနိုင်ပါတယ်။

ကိုယ့်ရဲ့အာရုံခံစားမှုကို ယုံကြည်လိုက်ပါ

man drunk

ကိုယ့် စိတ်ထဲမှာ တခုခု စိတ်ထင့်နေတယ်ဆိုရင် ထိုစိတ်ခံစားချက်ကို ယုံကြည်လိုက်ပါ။ စိတ်ထဲမှာ ထိုနေရာသည် မသိုးမသန့် ခံစားလာရပါက ချက်ချင်းသာ ထွက်လာခဲ့လိုက်ပါ။ သူစိမ်း မြို့တစ်မြို့မှာ ဘယ်သူ့ကိုမှ မယုံကြည်ရပါဘူး။ သင့်ရဲ့ တက္ကစီဒရိုင်ဘာကိုတောင် ယုံကြည်လို့မရပါဘူး။

ကျယ်တဲ့နေရာထက် ကျဉ်းတဲ့နေရာကို ဦးစားပေးပါ

club

ခမ်းခမ်းနားနားနဲ့ အနည်းငယ် သီးသန့်ဆန်တဲ့နေရာလေးတွေကို ရွေးချယ်ပါ။ နေရာကျဉ်းပေမယ့်လည်း သင့်ရဲ့ Nightlife ကို ပျော်ပျော်ပါးပါး ကုန်ဆုံးနိုင်ပါတယ်။

ကိုယ့်ရဲ့ ယမကာဖျော်ရည်ကို ဂရုစိုက်ပါ

making cocktail

ကိုယ့်ရဲ့ ယမကာဖန်ခွက်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေပါ။ အဖျော်ဆရာ ဖျော်တဲ့အခါမှာလည်း သူသည် အခြားသောမသင်္ကာစရာအရာများ မထည့်အောင် သေချာအကဲခတ်ပါ။ အဖျော်ဆရာအတွက်တော့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်ပေမယ့် သင့်ရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပဲမဟုတ်လား။

ညဈေးတွေလည်း သွားဖို့မမေ့ပါနဲ့

night market

Photo: Gluttodigest

ဘားတွေ ကလပ်တွေမှာပဲ ပျော်ပါးလို့ရတာမဟုတ်ပါဘူး။ ညဈေးတွေသည်လည်း လူများများရှိပြီး ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်တာကြောင့် မြို့တစ်မြို့ရဲ့အကြောင်းကို သိချင်ရင် ထိုမြို့ရဲ့ ညဈေးပွဲတော်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။

Source: Scholarlyoa

Featured Image: Dpnsee