များသောအားဖြင့် အောက်ပိုင်းလေ့ကျင့်ခန်းလို့ ပြောတဲ့ Leg Workout တွေလုပ်ဖို့ Dumbbells တို့ Barbells တို့လို ပစ္စည်းကိရိယာ များများစားစား မလိုပါဘူး။ ခြေထောက်အောက်ပိုင်းလေ့ကျင့်ခန်းဟာ ဘော်ဒီအချိုးကျစေပြီး အရိုးအဆစ် သန်မာစေသလို အဆီကျပြီး ကြွက်သားကျစ်လျစ်သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။ ကိုယ့်အိမ်မှာ အားကစားပစ္စည်းမရှိဘဲ ခြေထောက်လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင် အခုပြောမယ့် လေ့ကျင့်ခန်းတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) နောက်ပြန်ခြေကန် ၊ လက်မောင်းဆန့်

Kick Back

Photo: howcast

Kick Back & Arm Stretch လုပ်တဲ့ လေ့ကျင့်ခန်းလုပ်ရတာ လွယ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခြေချဲရပ်ပြီး ဘယ်ခြေထောက်ကို နောက်ဘက်ကန် ၊ ဘယ်လက်ကို ဘေးလှည့်ဆန့်ရမှာပါ။ ဘယ်ဒူးကို ကွေးပြီး နောက်ဘက် ဆန့်ထုတ်လိုက်ချိန်မှာ လက်မောင်းကို လေထဲ ဆန့်ထုတ်လိုက်ရုံပါ။ ပြီးရင် ညာဘက်ကိုလည်း ဒီအတိုင်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

(၂) Squat ထိုင် ခြေဆန့်မြှောက်

side-lunge-to-leg-lift-exercise-illustration

Photo: Pinterest

မတ်တပ်ရပ်အနေအထားနဲ့ပဲ လုပ်ရမယ့် လေ့ကျင့်ခန်းပါ။ Squat ထိုင်နည်းနဲ့ လက်နှစ်ဖက်ဆုပ်ပြီး အရင်ထိုင် ပြီး မတ်တပ်ပြန်ရပ်ရင်း ဘယ်ခြေထောက်ကို ဆန့်ကာ ဘယ်လက်က ပေါင်ကို သွားထိရမှာ ဖြစ်ပါတယ်။ ပြီးရင် Squat ပြန်ထိုင် မတ်တပ်ဆန့် ညာခြေဘေးမြှောက် ညာလက်နဲ့ ပေါင်ထိရုံပါပဲ။

(၃) ခြေမြှောက်လက်ဆန့်

Lateral Kick

Photo: Pinterest

ဒီလေ့ကျင့်ခန်းကလည်း လွယ်လွယ်လေးပါပဲ။ မတ်တပ်ရပ်ပြီး ဘယ်ခြေကို ဘေးဆန့် မြှောက်/ချလုပ်ရမှာပါ။ ဒီလို လုပ်နေချိန်မှာ ဗိုက်ကို ဘယ်လက်က ထိန်း ၊ ညာလက်က တည့်တည့်ဆန့်ထားရမှာ ဖြစ်ပါတယ်။ အပေါ်က လေ့ကျင့်ခန်းတွေလိုပါပဲ။ ဘယ်ဘက် ပြီးရင် ညာဘက်ခြေထောင့်ကိုလည်း အလားတူ လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) Squat ထိုင် လက်ဆန့် ခြေနောက်ကန်

Squat and Kick Back

Photo: Men’s Health

ဒီလေ့ကျင့်ခန်းက ခြေကို ချဲထားပြီး Squat စတိုင်ထိုင် ၊ မတ်တပ်ရပ် ၊ ဘယ်ခြေနောက်မြှောက်ပြီး ဘယ်လက်နဲ့ ပေါင်ထိပ်ကို ထိန်းထားရမှာပါ။ ဒီလိုအခြေအနေမှာ ညာဘက်လက်က ဆန့်ထားရမှာ ဖြစ်ပါတယ်။ တစ်ဖက်ပြီးတာနဲ့ နောက်ထပ် ညာဘက်ကိုလည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။

(၅) Squat

Squat men workout

Photo: coachmag

Squat ထိုင်တာကတော့ အလွယ်ဆုံးနဲ့ လူတိုင်းလိုလို လုပ်ဖူးလို့ ရင်းနှီးနေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ ခြေကို ပခုံးအကျယ်ထက် နည်းနည်းပိုကျယ်ကျယ်ထားပြီး လက်ဖဝါးတွေဖြန့် ကိုယ်ဘေးကပ်အနေအထားကနေ Squat ထိုင် ပြန်ထ လုပ်ရမှာပါ။ ဟန်ချက်မှန်အောင် ကိုယ်ကိုယ် ထိန်းထားဖို့လည်း သတိပြုသင့်ပါတယ်။

Featured Photo: Men’s Health