Keypad တို့ရဲ့ ဘုရင်လို့ နာမည်တွင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ရှန်းရှန်းတောက် အောင်မြင်ခဲ့တဲ့ Nokia ဟာ အခု ၂၀၂၃ မှာ Unique အဖြစ်ဆုံး Keypad ဖုန်း ၂ လုံးကို မိတ်ဆက်လာပါတယ်။ Nokia 105 (2023) နဲ့ Nokia 106 4G လို့ နာမည်ပေးထားတဲ့ စိတ်ဝင်စားစရာ Feature တွေပါတဲ့ ဖုန်းအသစ် ၂ လုံးကို အိန္ဒိယနိုင်ငံမှာ ဒီနေ့ပဲ မိတ်ဆက်သွားခဲ့ပါတယ်။

Nokia

Photo : Jagran English

ဒီဖုန်း ၂ လုံးဟာ အင်တာနက်ချိတ်ဆက်မှုမလိုပဲ 123PAY နဲ့ ငွေပေးချေနိုင်မယ့် India’s Unified Payment Interface (UPI) စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Nokia 105 (2023) ဟာ Nokia 106 4G ဖုန်းနဲ့ ဒီဇိုင်းအားဖြင့် တော်တော်လေးကို ဆင်တူပေမယ့် LTE ချိတ်ဆက်မှုပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။

၁.၈ လက်မ TFT LCD 120 x 160 px Resolution မျက်နှာပြင် ၊ IP52 Water Resistance Polycarbonate တည်ဆောက်မှုနဲ့ လာပါတယ်။ Nokia 106 4G ဖုန်းကတော့ ၁.၈ လက်မ IPS LCD ပါရှိပါတယ်။

Nokia 105 (2023) နဲ့ Nokia 106 4G Keypad ဖုန်း တွေမှာ LED မီးထည့်ပေးထားပေမယ့် ကင်မရာတော့ ပါရှိမှာမဟုတ်ပါဘူး။ Nokia 106 4G ဖုန်းမှာ ကိုယ်ပိုင် microSD ကတ်ကို ထည့်ပေးထားပြီး MP3 ဖိုင်တွေကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

Software ပိုင်းမှာတော့ Series 30+ Operating System ကို မောင်းနှင်ထားပါတယ်။ ဖုန်း ၂ ခုလုံးမှာ နားကြပ်မလိုပဲ အသုံးပြုနိုင်မယ့် ကြိုးမဲ့ FM ရေဒီယိုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Nokia 105 (2023) မှာတော့ 1,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဖုန်းပြောချိန် ၁၂ နာရီနဲ့ micro USB ကနေ တစ်ခါအားသွင်းပြီးတာနဲ့ ၂၂ ရက် တောက်လျောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Nokia

Photo : Gizmochina

Nokia 106 4G ကတော့ ပိုကြီးတဲ့ 1,450mAh ဘက်ထရီကို ထည့်ပေးထားပါတယ်။ Nokia 105 (2023) ကို Charcoal ၊ Cyan နဲ့ Red Terracotta ဆိုပြီး အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး ဈေးနှုန်းအားဖြင့်တော့ ရူပီး ၁,၂၉၉ ( ၁၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ Nokia 106 4G
ဖုန်းကိုတော့ Charcoal နဲ့ Blue အရောင် ၂ မျိုး ရွေးချယ်စရာ ပေးထားပြီး ဈေးနှုန်းမှာ ရူပီး ၂,၁၉၉ ( ၂၇ ဒေါ်လာ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော စမတ်ဖုန်းတွေကိုင်ရတာ ငြီးငွေ့နေပြီဆိုရင် ဈေးသင့်ပြီး အကြမ်းခံတဲ့ Nokia ရဲ့ Unique အဖြစ်ဆုံး Keypad ဖုန်း တွေကို ကိုင်ဖြစ်လောက်မလား???

Featured Photo : GSMArena.com