Tecno ကတော့ Pova စီးရီးထဲက နောက်ဆုံး မော်ဒယ်အသစ် Pova 7 နဲ့ Pova 7 Pro တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီစမတ်ဖုန်း မော်ဒယ်နှစ်ခုလုံးမှာ 144Hz Displays တွေ တပ်ဆင်ပေးထားပြီး Dimensity 7300 Chipsets နဲ့ 45W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 6000mAh ဘက်ထရီတွေ ပါဝင်ပါတယ်။ ဖုန်း တွေရဲ့ ကျောဘက်မှာတော့ Delta Light Interface လို့ နာမည်ပေးထားတဲ့ 104 LED မီးတွေ ပါဝင်တဲ့ တြိဂံပုံဘောင်အတွင်းက အမိုက်စား Camera Island ဒီဇိုင်းနဲ့ လာပါတယ်။

Tecno Pova 7 ‌and Pova 7 Pro

Photo : GSMArena.com

Delta Light Interface ဟာ ယခင် Nothing ဖုန်းတွေနဲ့ ဆင်တူတဲ့ ဖုန်း အဝင်ကောတွေ ၊ သီချင်းဖွင့်တာ ၊ ဖုန်းအားသွင်းတာနဲ့ ဂိမ်းကစားတာတွေအတွက် Notification Status တစ်ခုအနေနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Pova 7 မှာတော့ ၆.၇၈ လက်မ IPS LCD (FHD+ 144Hz) နဲ့ 900 nits peak brightness ထောက်ပံ့ပေးထားပါတယ်။ Pova 7 Pro မှာတော့ ပိုကောင်းတဲ့ ၆.၇၈ လက်မ AMOLED (1220p+ 144Hz) မျက်နှာပြင်နဲ့ 4,500 nits peak local brightness ထောက်ပံ့ပေးထားပြီး optical fingerprint scanner နဲ့ 2340Hz PWM dimming ပါပါတယ်။

Pova 7 နဲ့ Pova 7 Pro မော်ဒယ်နှစ်ခုလုံးရဲ့ ရှေ့ဘက် မျက်နှာပြင်မှာ 13MP ဆယ်လ်ဖီ ကင်မရာတွေ တပ်ဆင်ပေးထားပြီး panels တွေကို Gorilla Glass 7i ဖုံးအုပ်ပေးထားပါတယ်။ မော်ဒယ်နှစ်ခုလုံးမှာ MediaTek ရဲ့ Dimensity 7300 Ultimate Chipset တပ်ဆင်ထားပြီး 8GB ​​RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ Pova 7 Pro ရဲ့ကျောဘက် ကင်မရာတွေကတော့ 64MP Main ကင်မရာနဲ့ (IMX682) 8MP Ultrawide Lens တွေကို တပ်ဆင်ထားပြီး Pova 7 မှာတော့ 50MP Main ကင်မရာနဲ့အတူ ဖော်ပြထားခြင်းမရှိတဲ့ အကူကင်မရာတစ်လုံး တွဲဖက်တပ်ဆင်ထားပါတယ်။

Tecno Pova 7 ‌and Pova 7 Pro

Photo : GSMArena.com

Software ပိုင်းမှာတော့ Android 15 အခြေပြု Tecno HiOS 15 ကို အသုံးပြုထားပြီး DeepSeek နဲ့ Ella AI Assistant တွေကိုလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ မော်ဒယ်နှစ်ခုလုံးမှာ 45W wired charging စနစ်ပါတဲ့ 6,000mAh ဘက်ထရီကို တပ်ဆင်ထားပြီး Pro မော်ဒယ်မှာတော့ 30W wireless charging စနစ် ပါဝင်မှာ ဖြစ်ပါတယ်။

Tecno Pova 7 ကို Geek Black ၊ Magic Silver နဲ့ Oasis Green ဆိုတဲ့ အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး 8/128GB မော်ဒယ်အတွက် ရူပီး ၁၄,၉၉၉ (ဒေါ်လာ ၁၇၅) ကနေ ရူပီး ၁၅,၉၉၉ (ဒေါ်လာ ၁၈၇) ဝန်းကျင်ကြား သတ်မှတ်ထားပါတယ်။ Pova 7 Pro ကိုတော့ Geek Black ၊ Dynamic Grey နဲ့ Neon Cyan ဆိုတဲ့ အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး 8/128GB ဗားရှင်းအတွက် ရူပီး ၁၈,၉၉၉ ( ၂၂၂ ဒေါ်လာ) 8/256GB ဗားရှင်းအတွက် ရူပီး ၁၉,၉၉၉ (၂၃၄ ဒေါ်လာ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Tecno Pova 7 နဲ့ Pova 7 Pro ဖုန်း မော်ဒယ်နှစ်ခုလုံးကို လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ကနေ စတင်ပြီး Flipkart မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : Notebookcheck