Oblique ဆိုတာ အလွယ်ပြောရရင် နံစောင်းဘေးဘက် ကြွက်သား တွေကို ခေါ်ပါတယ်။ Oblique မာဆယ်တွေဟာ ဝမ်းဗိုက်ကြွက်သားတွေကို ပိုပေါ်ဖို့ ၊ Six-Pack Abs ကို ပိုလှဖို့ ပံ့ပိုးပေးနေတဲ့ အရေးပါဆုံး မာဆယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Oblique ကြွက်သားတွေကို ထိထိရောက်ရောက် ကစားနိုင်မယ့် အကောင်းဆုံး လေ့ကျင့်ခန်းနည်း တွေထဲက အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Cable Woodchop

Source : Cutler Nutrition

Cable Machines နဲ့ ကစားရမှာပါ။ Oblique ကြွက်သား တွေကို ထိထိမိမိ ကစားနိုင်မယ့် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Six-Pack Abs ပေါ်ဖို့ အထောက်အပံ့ ဖြစ်စေသလို ခါးကို လှည့်ပြီး Cable ကို ဆွဲရတာ ဖြစ်တာကြောင့် နောက်ကျော ၊ ပခုံးနဲ့ ခြေထောက် ကြွက်သားတွေကိုပါ ထိရောက်မှု ရှိစေပါတယ်။ ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၂) Hanging Knee Raise Oblique Crunch

Source : PEX Fitness

Bar တန်း တစ်ခုရှိရုံနဲ့ ကစားနိုင်တဲ့ အထိရောက်ဆုံး ဗိုက်လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ Abs ကြွက်သားတွေကို ပိုကျစ်လစ်ပြီး မာဆယ်ပေါ်လာစေရုံမကပဲ ခါးကိုလှည့်ပြီး ခြေမြှောက်ပေးရတာ ဖြစ်တာကြောင့် Oblique ကြွက်သား တွေကိုတော့ ရှယ်ထိစေတာ အသေအချာပါပဲ။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၃) High-Pulley Oblique Cable Crunch

Source : Elite Physique Training (Team EPT)

Abs နဲ့ Obliques ကြွက်သားတွေကို အမိုက်စား ဖြစ်လာစေမယ့် နောက်ထပ် လေ့ကျင့်ခန်းကတော့ High-Pulley Oblique Cable Crunch ပါ။ ဒီလေ့ကျင့်ခန်းကလည်း Cable Machines နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အလေးကို စီးစီးပိုင်ပိုင် လေးရှိနေစေရမှာဖြစ်ပြီး ကိုယ် နိုင်သလောက် အလေးတိုးပြီး ကစားပါ။ ဒီလေ့ကျင့်ခန်းကို ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၄) Kneeling Med Ball Partner Twist

Source : David Kimmerle

ဒီလေ့ကျင့်ခန်းကတော့ Gym Bros တွေ ၊ Workout Buddy တွေနဲ့ အတူတူတွဲကစားနိုင်သလို တစ်ကိုယ်တော် တစ်ယောက်တည်းလည်း ကစားလို့ ရပါတယ်။ Medicine Ball နဲ့ ကစားရမှာပါ။ အကယ်၍ Med Ball မရှိပါက အလေးပြား သို့မဟုတ် အလေးတုံးတွေနဲ့လည်း ကစားလို့ ရပါတယ်။ ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။

(၅) Bicycle Crunch

Source : Wodstar

နောက်ဆုံး ပြောပြပေးချင်တဲ့ Obliques လေ့ကျင့်ခန်း ကတော့ Bicycle Crunch ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကိရိယာလွတ် ကစားနိုင်တဲ့အတွက် Gym မှာဖြစ်ဖြစ် ၊ အိမ်မှာပဲ ဖြစ်ဖြစ် အချိန်နေရာမရွေး ကစားလို့ ရပါတယ်။ ဘယ်ညာ တစ်လှည့်စီကို တစ်ကျော့ သတ်မှတ်ပါ။ ၁၅ ကြိမ် , ၃ ကျော့ ကစားပေးရပါမယ်။

Source : Men’s Journal

Featured Photo : Muscle & Fitness