လုပ်ငန်းခွင်မှာ Staff Party ၊ Company Anniversary စသည့်ပွဲ တို့ကို ဟိုတယ် တစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင်တစ်ခုခု မှာပဲဖြစ်ဖြစ် လုပ်လေ့ရှိပါတယ်။ ဒီလို လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ Office Party တွေ တတ်ဖို့ ဆိုရင် ကွီးတို့ ဝတ်စားဆင်ယင်ပုံကလည်း အမျိုးသမီးတွေလို အရေးကြီးပါတယ်။ အလုပ်ချိန်အတွင်း ကွီးတို့က Professional ဆန်ဆန်ဝတ်ဖို့ လိုသော်လည်းပဲ ပါတီဆိုရင်တော့ အဲ့လောက် တင်းကျပ်ဖို့မလိုပါဘူး။ ဒါပေမဲ့ အခြားပါတီများနဲ့ မတူတာကြောင့် သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပြီးပြည့်စုံတဲ့ပုံစံ ဖြစ်ဖို့ လိုပါတယ်၊၊ ဒါကြောင့် ကွီးတို့ အတွက် Office Party တွေမှာ ဝတ်ဆင်သင့်တဲ့ ဝတ်စုံ Idea ၅ မျိုးကို ဖော်ပြပေးချင်ပါတယ်။
(၁) Bomber Jacket

Photo : St. Xavier School, Jaipur
ကွီးတို့ အနေနဲ့ Office Party အတွက် ဝတ်စုံ ကို ရဲရဲတင်းတင်းရွေးချယ်ဖို့ စိတ်ကူးရှိရင် Bomber Jacket ကို ရွေးချယ်လိုက်ပါ။ Bomber Jackets အောက်က တီရှပ်အဖြူကို ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီကို ကွီးတို့ စိတ်ကြိုက်ဝတ်လို့ ရပါတယ်။ ဂျင်းဘောင်းဘီနဲ့လည်း ဝတ်ဆင်နိုင်ပါတယ်။ ကွီးတို့ ရဲ့အသွင်အပြင်ကို Sneakers တစ်ရံ နဲ့ထပ်မံ မြှင့်တင်လိုက်ပါ။ မတူညီတဲ့ ပုံစံနဲ့ ဆန်းသစ်စေပါလိမ့်မယ်။
(၂) အရောင်ဖျော့သော ရှပ်အင်္ကျီများ

Photo : AJIO
ကွီးတို့ရေ ယောကျာ်းလေးတိုင်းမှာ ရှပ်အင်္ကျီတွေတော့ ရှိကြပါတယ်။ ဒါဆို ကွီးတို့ Office Party အတွက် ဝတ်ဆင်ဖို့ကို အများကြီးလည်း မစဉ်းစားချင်ဘူး၊ ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားချင်တယ် ဆိုရင်တော့ Shirt ရှပ်အင်္ကျီကို သာရွေးချယ်လိုက်ပါ။ ဒါ့အပြင် ရှပ်အင်္ကျီကို ကွီးတို့ရဲ့ Size ပုံမှန်အတိုင်းဝတ်ပါ။ အဖြူ၊ အပြာ စတဲ့ အရောင်ဖျော့သော ရှပ်အင်္ကျီများ ကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရောင်အဖျော့တွေက အမြင်ကို အေးမြစေပြီး ကွီးတို့ကို ငယ်ရွယ်တဲ့ ပုံပေါက်စေပါတယ်။ ဘောင်းဘီကတော့ ဂျင်းပဲ ဖြစ်ဖြစ်၊ Formal Pants ပဲ ဖြစ်ဖြစ် ကွီးတို့ စိတ်ကြိုက် ရွေးချယ်လိုက်ပါ။
(၃) Blazer များ

Photo : Pinterest
ကွီးတို့ရေ Blazer ကလည်း Office Party အတွက် တကယ်ကိုကောင်းတဲ့ ဝတ်စုံ ရွေးချယ်မှုတစ်ခုပါ။ နက်ပြာရောင် ဘောင်းဘီကို မီးခိုးရောင် Blazer နဲ့ တွဲဆက်ဝတ်ဆင်လိုက်ပါ။ ဒီ ဝတ်စုံ Idea က ကွီးတို့ရဲ့ နူးညံ့သိမ်မွေ့မှုကို ပေါ်လွင်စေပြီး လူစုလူဝေးမှာတောင် ကွီးတို့က အထက် တန်းဆန်စွာ ထင်ပေါ်နေမှာဖြစ်ပါတယ်။
(၄) Suit

Photo : Bussiness Insider
ကွီးတို့ရေ အကယ်၍ ကွီးတို့လုပ်ငန်းခွင်ကပဲ ပါတီကို ဆက်သွားတယ်ဆိုရင်တော့ အထွေအထူးစဉ်းစားစရာ မလိုပါဘူး။ ကွီးတို့ ဝတ်ထားတဲ့ Suit နဲ့ပဲ ပါတီပွဲကို သွားလိုက်ပါ။ တကယ်လို့ အနည်းငယ် အိုက်စပ် တဲ့နေရာဆိုရင်တော့ ကွီးတို့ Suit ကို အပေါ်တစ်ထပ် ချွတ်ပြီး နက်ကတိုင်ကို ခပ်လျော့လျော့ ဖြေလျော့ကာ ပါတီကို ပေါ့ပေါ့ပါးပါး ဆင်နွှဲလိုက်ပါ။ ဒီလိုစတိုင်လ်က ကွီးတို့ကိုဘယ်တော့မှ မရိုးသွားစေပဲ ဂန္တဝင်ဆန်ဆန် ကြည့်ကောင်းစေမှာပါ။
(၅) Jumpers များ

Photo : Crayon
အကယ်၍ ကွီးတို့က ငယ်ရွယ် တဲ့ပုံကို လိုချင်ပါက Jumpers တွေကို ဝတ်ဆင်လိုက်ပါ။ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ Jumpers တွေက ကွီးတို့ကို ပါတီမှာ တကယ်ကိုကြည့်ကောင်း စေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဒီ ဝတ်စုံ Idea ကို အေးတဲ့ ဆောင်းရာသီ အချိန်မှာ ဝတ်ဆင်တာပိုသင့်တော်ပါတယ်။
အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ Office Party မှာ ဝတ်ဆင်သင့်တဲ့ ဝတ်စုံ Idea ၅ မျိုး ဖြစ်ပါတယ်။ ဒီ Idea တွေကို ကိုးကားပြီး ကွီးတို့ စိတ်ကြိုက်လည်း ဖန်တီးနိုင်ပါတယ်။
Source : G3+ Fashion
Featured Photo : Thme
