Formal ဆန်တဲ့ Suit တွေကို Casual အစီးများတဲ့ Sneaker တွေနဲ့ တွဲဝတ်လာတာဟာ ဒီနေ့ခေတ်ရဲ့ ဖက်ရှင်အပြောင်းအလဲတစ်ခုပါပဲ။ Sneaker နဲ့ Suitက ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်လာပေမယ့် Sneaker တိုင်းတော့ Suitနဲ့ တွဲစီးလို့ မရပါဘူး။ Suitနဲ့ လိုက်ဖက်တဲ့ ကာလာ ၊ ပုံစံ နဲ့ သုံးထားတဲ့ Material တွေပါ စဉ်းစားဖို့ လိုပါတယ်။

sneaker-style

Photo : dmarge

Sneaker တွေထဲကမှ Suit နဲ့ တွဲပြီး Formal ကျကျ စီးဖို့ ရွေးချယ်နိုင်တဲ့ Brands တွေ ရှိပါတယ်။ Leather Lace-Up ခုံနိမ့် Low Sneaker ထဲကဆို အီတလီလုပ် Oliver Cabell Low 1 ၊ Nike Cortez Forest Gump ၊ Common Projects Original Achilles Full-Grain Leather Sneakerစတဲ့ Brands တွေက သပ်ရပ်ပြီး တည်ဆာက်ပုံ သားနားပါတယ်။ မီးခိုးရောင် နဲ့ နက်ပြာရောင် Slim-Fitting Suit တွေနဲ့ လိုက်ဖက်ပြီး အခုနောက်ပိုင်း ရုံးတွေမှာဆို ဒီဖက်ရှင်ကို Button-Down Shirt ဒါမှမဟုတ် T-Shirt ကောင်းကောင်းနဲ့ တွဲပြီး ဝတ်ဆင်ကြပါတယ်။

Casual လည်း ဖြစ် ပေါ့ပါးပြီး Sporty လည်း ဆန်ချင်ရင် Adidas Stan Smith ၊ Jordan 1 Retro High Shadow ၊ Prada America’s Cup Sneakers In Black တို့လို Sneakerတွေလည်း ရွေးချယ်နိုင်ပါတယ်။ ဒီ Sneakerတွေက အနက် ၊ မီးခိုးရင့် နဲ့ မီးခိုးဖျော့ရောင် Suit ၊ Oxford Shirt တွေနဲ့ တွဲဖက်နိုင်တဲ့ ဖက်ရှင်မျိုးပါ။ Sneakerကို Suitနဲ့ တွဲဝတ်မယ်ဆိုရင် သိသင့်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။

အကောင်းဆုံးက Leather Sneaker ကို ရွေးဖို့ပါ။ ဘောင်းဘီဟာ Slim Cutting ချုပ်ထားတဲ့ ဘောင်းဘီမျိုး ဖြစ်ဖို့ လိုပြီး Sneakerကို ဖုံးလောက်အောင် ရှည်နေတာမျိုး မဖြစ်သင့်ပါဘူး။ Sneaker ထဲက ဘာအရောင် ရွေးရမလဲ မသိရင် အနက်နဲ့ အဖြူရောင်ပဲ ရွေးချယ်ဖို့လည်း ပြောချင်ပါတယ်။ ဒီအရောင်တွေက Suit တိုင်းနဲ့ လိုက်ဖက်လို့ ဖြစ်ပါတယ်။

man-wearing-pink-suit-wearing-sneakers-pexels

Photo : themanual

ဖက်ရှင်လည်း မိချင်တယ် ၊ သက်တောင့်သက်သာလည်း ဖြစ်ချင်တယ်ဆိုရင် Jordan ၊ Nike နဲ့ New Balance မော်ဒယ်တွေထဲက စဉ်းစားနိုင်ပါတယ်။ ရှောင်သင့်တဲ့ အချက်အနေနဲ့ Baggy ဆန်တဲ့ ဘောင်းဘီပွပွ ရှည်ရှည်ကြီးတွေ ၊ တောက်ပလွန်းတဲ့ Sneaker အရောင်တွေ (ဥပမာ – အနီ ၊ အပြာ စသည်) တို့ကို ရှောင်ဖို့ လိုပါတယ်။ ဈေးပေါပေါ အရည်အသွေးညံ့တဲ့ Sneaker တွေ မစီးဖို့ ၊ Sneakerကို Tuxedo ဖက်ရှင်နဲ့ မဝတ်ဖို့လည်း အရေးကြီးပါတယ်။

Featured Photo : apetogentleman