Vivo ရဲ့ အလတ်တန်းစား S Series ထဲကနေ ဒီဇိုင်းသစ်လွင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စမတ်ဖုန်းမော်ဒယ်နှစ်ခု ထွက်လာခဲ့ပါတယ်။ Vivo S15 Series ကနေ Vivo S15 နဲ့ Vivo S15 Pro တို့ကို မိတ်ဆက်သွားတာပါ။ ရိုးရိုးမော်ဒယ်ဟာ ၆.၆၂ လက်မ Samsung E4 AMOLED FHD+ Display နဲ့လာပြီး HDR10+ Support ၊ 120Hz Refresh Rate နဲ့ 1000Hz Touch Sampling Rate ၊ အထူး Display Chip တစ်ခုတို့ သုံးထားပါတယ်။

မှန်ပြင်အပေါ် အလယ်တည့်တည့်မှာ 32MP Selfie ကင်မရာ တပ်ဆင်ထားပြီး ကျောဘက် ထောင်လိုက် ကင်မရာ အိမ်ထဲမှာ 64MP Main Sensor ၊ 8MP Ultrawide Lens နဲ့ 2MP Macro Sensor တို့ ပါရှိပါတယ်။

Vivo S15

Photo : noypigeeks

Android 12 အခြေခံ OxygenOS Ocean စနစ်နဲ့ လာပြီး တခြား Highlight Features တွေအနေနဲ့ မှန်ပြင်အောက်လက်ဗွေစနစ် ၊ Dual Nano SIM Slot ၊ WiFi 6 ၊ Bluetooth 5.1 ၊ GPS ၊ X Axis Linear Motor ၊ NFC နဲ့ USB Type C Port တို့လည်း ပါရှိပါတယ်။ Processor အနေနဲ့ Qualcomm ရဲ့ Snapdragon 870 Peak Edition SoC နဲ့လာပြီး RAM 8/12GB ၊ Storage 128/256GB တို့နဲ့ လာပါတယ်။

ဘက်ထရီပါဝါ 4500mAh ၊ 66W Fast Charging တို့ ပါရှိပြီး အရောင်အနေနဲ့ Midsummer Blue ၊ Light Gold နဲ့ Black ကာလာတွေနဲ့ ထွက်ထားပါတယ်။

Photo : Gizmochina

8/128GB Storage ဗားရှင်းကို ယွမ် ၂၇၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ကနေ အမြင့်ဆုံး‌မော်ဒယ် RAM 12/256GB Storage ဗားရှင်းကို ယွမ် ၃၃၀၀ (မြန်မာငွေ ၉ သိန်းခွဲနီးပါး) အထိ ဈေးရှိပါတယ်။

Featured Photo : themobileindian