ယူအက်မှာရောင်းချမယ့် MediaTek Chipset အသုံးပြုထားတဲ့ ပထမဆုံး OnePlus ဖုန်း အဖြစ် Nord N300 5G ကို တရားဝင်ကြေညာ လိုက်ပါပြီ။ Nord စီးရီးရဲ့ နောက်ဆုံးထွက် OnePlus Nord N300 5G ဖုန်းဟာ Dimensity 810 SoC နဲ့ လာပြီး ယခင်ထွက်ခဲ့တဲ့ လူကြိုက်အများဆုံး Budget ဖုန်း OnePlus Nord N200 5G ရဲ့ အဆက်ဖြစ်ပါတယ်။

Photo : TechGoing

Nord N300 5G ဖုန်းမှာ HD+ Resolution ၊ 90Hz Refresh Rate တို့နဲ့အတူ အနည်းငယ်ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ ၆.၅၆ လက်မ IPS LCD ကို တပ်ဆင်ပေးထားပါတယ်။ ယခင် OnePlus Nord N200 5G ဖုန်းမှာ အသုံးပြုခဲ့တဲ့ Punch Hole Cutout အစား Nord N300 5G ဖုန်းမှာ 8MP Selfie ကင်မရာ ထည့်သွင်းတပ်ဆင်ထားတဲ့ Waterdrop Notch Cutout ကို ပြောင်းလဲအသုံးပြု ထားပါတယ်။

ကျောဘက်မှာ 48MP Main ကင်မရာနဲ့ 2MP Depth Sensor တို့ တွဲဖက်တပ်ဆင်ပေးထားပြီး ဖုန်းရဲ့ ဘေးဘက်ဘောင်မှာတော့ Fingerprint Scanner ထည့်သွင်း မြုပ်နှံထားတဲ့ ပါဝါခလုတ်တစ်ခု ထည့်သွင်းပေးထားပါတယ်။ microSD Slot နဲ့ 3.5mm နားကြပ်ပေါက် တို့လည်း တပ်ဆင်ထားပါတယ်။

Photo : GSMArena.com

Nord N300 5G ဖုန်းရဲ့ ဘက်ထရီပိုင်းမှာတော့ 5000mAh ဘက်ထရီကို သုံးထားပြီး 33W Fast Charging ထောက်ပံ့ပေးထားတဲ့ အားသွင်းစနစ်ကို အဆင့်မြှင့်တင်ထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OxygenOS နဲ့ လာပါတယ်။ OnePlus Nord N300 ဖုန်းကို 4GB RAM/ 64GB Storage နဲ့ Midnight Jade အရောင်တစ်မျိုးတည်းသာ ထုတ်ထားပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ ၂၂၈ ဒေါ်လာ သတ်မှတ်ထားပြီး ယူအက်မှာရှိတဲ့ T-Mobile နဲ့ Metro တို့ကနေတဆင့် လာမယ့်နိုဝင်ဘာလ (၃) ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Featured Photo : Gagadget.com