Oppo ဟာ မကြာမီ ထွက်ရှိမယ့် Find N5 ခေါက်နိုင်သော စမတ်ဖုန်းအတွက် ကြိုတင်ပြသမှုများကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဒီပစ္စည်းကို ဖေဖော်ဝါရီ ၂၀ မတိုင်မီ တရုတ်နိုင်ငံမှာ စတင် မိတ်ဆက်သွားဖြမှာစ်ပြီး အဲ့ဒီနောက်ပိုင်းတွင် OnePlus Open 2 အဖြစ် ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ Evan Blass (@evleaks) မှ မျှဝေထားတဲ့ တရားဝင်ပုံများစွာမှတစ်ဆင့် ဒီဖုန်းရဲ့ အကောင်းဆုံးပုံရိပ်ကို ယခုတွေ့မြင်နိုင်ပါပြီ။
Photo : GSMarena
Find N5 ဖုန်းဟာ စတင်မိတ်ဆက်ပြီးတာနဲ့ အပါးဆုံးသော ခေါက်ဖုန်းဖြစ်လာနိုင်မှာဖြစ်ပြီး ခေါက်ထားသော အခြေအနေမှာဆိုရင် ၄.၂ မီလီမီတာသာထူတယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ အပါးဆုံးဖြစ်သော Honor’s Magic V3 က ၄.၃၅ မီလီမီတာထူပါသည်။ Find N5 ကို ခရမ်းရောင် (vegan leather)၊ အဖြူနဲ့ အမည်းရောင်တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာအစုဟာလည်း OnePlus 13 ကဲ့သို့ Hasselblad ဘရန်ဒ်ပါသော ကင်မရာသုံးလုံး ပါဝင်တဲ့ ဒီဇိုင်းကို ပုံဖော်ထားပါတယ်။
Photo : GSMarena
Oppo Find N5/OnePlus Open 2 မှာ ၈ လက်မရှိသော LTPO OLED ပင်မမျက်နှာပြင် (2K resolution + 120Hz) ပါရှိပြီး၊ မျက်နှာပြင်မှာ အရစ်ကြောင်း အနည်းငယ်သာပါရှိမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ပင်မမျက်နှာပြင်ကို ၆.၄ လက်မရှိသော အဖုံးမျက်နှာပြင်နဲ့ ဖြည့်စွက်ထားမှာ ဖြစ်ပါတယ်။ ဒီခေါက်ဖုန်းမှာ Snapdragon 8 Elite SOC နဲ့ RAM 16GB၊ Internal Storage 1TB အထိ ပါဝင်မယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။ ကင်မရာမှာတောါ့ wide၊ telephoto နဲ့ ultrawide 50MP ကင်မရာသုံးလုံး ပါဝင်ပါမယ်။ဒါ့အပြင် IPX6၊ IPX8 နှင့် IPX9 ရေစိုခံနိုင်မှု အဆင့်သတ်မှတ်ချက်များနဲ့ 5,600 mAh ဘက်ထရီတစ်ခုပါဝင်မည်ဖြစ်ပြီး၊ 80W ဝိုင်ယာကြိုးနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : GSMarena