မကြာခင်မှာ ဝါလကင်းလွတ် သီတင်းကျွတ်တော့မှာ ဖြစ်ပါတယ်။ ဒီသီတင်းကျွတ်မှာ မင်္ဂလာပွဲ ကျင်းပမဲ့ ကွီးတို့ရှိပါသလား။ ကွီးတို့ရဲ့ မင်္ဂလာပွဲကို ခန်းမတွေ၊ ဟိုတယ်တွေမှာ မကျင်းပဘဲ အပြင်မှာပဲ သာယာတဲ့ ရာသီဥတုနှင့် လှပသောသဘာဝနောက်ခံနဲ့ ကျင်းပချင်တယ်ဆိုရင်တော့ တကယ်ကို စိတ်ကူးကောင်းပါပဲ။ ကွီးတို့ရဲ့ စိတ်ကူးလေးကို အထောက်အကူပြုစေဖို့ Outdoor မင်္ဂလာပွဲ ကျင်းပဖို့ အတွက် အိုင်ဒီယာကောင်းများ ကို ဝေမျှပေးချင်ပါတယ်။
(၁) ခြံတွင်း မင်္ဂလာပွဲ
Photo : Wood n Create Designs
Outdoor မင်္ဂလာပွဲ ကျင်းပချင်တဲ့ ကွီးတို့ရေ အရမ်းကို ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့၊ ကိုယ့်ရဲ့ အိမ်မှာ ချစ်စရာကောင်းတဲ့ ခြံလေးရှိတယ်ဆိုရင် ထိုနေရာလေးကိုပဲ လှပစွာ အလှဆင်ပြီး မင်္ဂလာပွဲ အဖြစ်ပြောင်းလဲလိုက်ပါ။ ခြံတွင်း မင်္ဂလာပွဲကျင်းပခြင်းသည် ချစ်စဖွယ်ကောင်းရုံသာမက ခန်းမငှားရန် မလိုအပ်သောကြောင့် ငွေများစွာလည်း သက်သာစေပါတယ်။ ဒါ့အပြင် ကွီးတို့စိတ်ကြိုက် အလှဆင်ပြီး စိတ်ကူးယဉ်ဆန်တဲ့ မင်္ဂလာပွဲ လေးကျင်းပလိုက်ပါ။
(၂) ပန်းခြံ မင်္ဂလာပွဲ
Photo : Zola
ကွီးတို့အနေနဲ့ ကွီးတို့အနီးနားမှာ ရှိတဲ့ ရှုခင်းကောင်းတဲ့ ပန်းခြံ ဒါမှမဟုတ် ဟိုတယ်တွေမှာ ရှိတဲ့ ဥယျာဉ်မှာ လုပ်ခြင်းကလည်း တယ်ကို စိတ်ကူးကောင်းပါပဲ။ ပန်းမာန်လေးတွေနဲ့ ပြည့်စုံနေတဲ့ ဥယျာဉ် ကကွီးတို့ မင်္ဂလာပွဲက အိပ်မက်ဆန်ပြီး ပိုမိုအသက်ဝင်လှပစေမှာပါ။
(၃) သစ်တော မင်္ဂလာပွဲ
Photo : Lookslikefilm
သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သဘာဝအရောင်အသွေးအရောင်ကို ခံစားရင်း ဆင်နွှဲလို့ရတဲ့ ပြီးပြည့်စုံတဲ့ Outdoor မင်္ဂလာပွဲ လေးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ မင်္ဂလာပွဲ လုပ်ဆောင်မဲ့ ဒေသန္တရသစ်တောများ သို့မဟုတ် သစ်တောပန်းခြံများကို ရှာဖွေပြီး အသုံးပြုရန် လိုအပ်သည့် ခွင့်ပြုချက်ကို တောင်းခံဖို့တော့ လိုပါတယ်။
(၄) ကမ်းခြေ မင်္ဂလာပွဲ
Photo : Martha Stewart
ကွီးရော ကွီးရဲ့ ဇနီးလောင်းလေးပါ နှစ်ယောက်စလုံးက ကမ်းခြေတွေကို ကြိုက်နှစ်သက်ရင်တော့ အများကြီး မစဉ်းစားဘဲ ကမ်းခြေမှာသာ မင်္ဂလာပွဲ လေးလုပ်လိုက်ပါ။ ကွီးတို့ရဲ့ မင်္ဂလာဆောင်အတွက် နောက်ခံအဖြစ် လှပခမ်းနားတဲ့ ပင်လယ်ကြီးအပြင် ပြာလဲ့လဲ့ကောင်းကင်ကြီးကလည်း အကောင်းဆုံး ပံ့ပိုးပေးမှာပါ။ ဒါ့အပြင် ကျယ်ဝန်းလှတဲ့ သဲသောင်ပြင်ကြီးနဲ့ ကွီးတို့စိတ်ကြိုက် မင်္ဂလာပွဲကို အလှဆင်လို့ရပါသေးတယ်။
(၅) ရေကူးကန် မင်္ဂလာပွဲ
Photo : Cario West Magazine
ကွီးတို့ရေ ကွီးတို့ရဲ့ မင်္ဂလာပွဲကို တမူထူးခြားချင်ရင် ရေကူးကန်ဘေးမှာ မင်္ဂလာပွဲကျင်းပခြင်းကလည်း သတို့သမီးများနှင့် သတို့သားများအတွက် အထူးကောင်းမွန်တဲ့ အိုင်ဒီယာပဲ ဖြစ်ပါတယ်။ မင်္ဂလာ ရေကူးကန်ပါတီကို ကွီးတို့စီကြိုက် စိတ်ကူးတွေနဲ့ ပြင်ဆင်လိုက်ပါ။ နွေဦးရာသီနဲ့ ဆောင်းဦးရာသီတွေမှာ ရေကူးကန် မင်္ဂလာပွဲ လေးပြုလုပ်ဖို့ အကောင်းဆုံးပါပဲ။
ကွီးတို့ရေ အခုဖော်ပြလိုက်တာကတော့ Outdoor မင်္ဂလာပွဲ ကျင်းပချင်တဲ့ ကွီးတို့အတွက် အိုင်ဒီယာကောင်းများ ပဲဖြစ်ပါတယ်။ တစ်သတ်တာ မမေ့နိုင်စရာ အမှတ်တရတွေနဲ့ ပြီးပြည့်စုံပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှန်းတဲ့ မင်္ဂလာပွဲ လေးဖြစ်စေဖို့ အကြံပြုလိုက်ပါတယ်။
Source : Yeah Wedding
Featured Photo : Marry Me