ချစ်သူလေးနဲ့ အတူ မကြာမီအချိန်အတွင်းမှာ မင်္ဂလာပွဲ ဆင်နွှဲရမဲ့ ကွီးတို့ရှိပါသလား။ မင်္ဂလာပွဲဆိုတာ တကယ်ကိုခမ်းနားလှပြီး ကွီးနဲ့ ကွီးရဲ့သတို့သမီးလောင်းလေးတို့အတွက် အစားထိုးမရနိုင်တဲ့ နေ့ထူးနေ့မြတ်လေးပါ။ ချစ်သူလေးနဲ့ အတူ ရွှေလက်တွဲဆင်နွှဲတဲ့ မင်္ဂလာပွဲလေးဟာ ပြီးပြည့်စုံပြီး အဆင်ပြေချောမွေ့နေမှသာ တစ်သတ်တာ အမှတ်တရကောင်းလေးဖြစ်နေမှာပါ။ ဒါကြောင့် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်စေဖို့ ပြင်ဆင်ရမဲ့ အချက်တွေကို အနာဂတ် မင်္ဂလာမောင်နှံအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) အချိန်ယူပြီး တိုင်ပင်ကာပြင်ဆင်ပါ

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး

Photo : The Motty Fool

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်စေဖို့ ဆိုရင် ကွီးတို့အနေနဲ့ အချိန်သေချာယူပြီးပြင်ဆင်ဖို့လိုပါတယ်။ အချိန် စောနိုင်သမျှ စောစောပြင်ဆင်ပါ။ အရင်ဆုံး မင်္ဂလာပွဲမှာ သုံးမဲ့ အသုံးစရိတ်ကို ကို ကွီးတို့ ၂ ယောက်တူတူတိုင်ပင်ပြီး သတ်မှတ်ပါ။ ထို့နောက် သူ့ဘက်၊ ကိုယ်ဘက်ဖိတ်ကြားရမဲ့လူတွေကို စာရင်းပြုစုပါ။ မဖြစ်မနေ ဖိတ်ကြားရမဲ့ အရေးကြီးပုဂ္ဂိုလ်တွေကိုလည်း စာရင်းထဲထည့်ဖိုမမေ့ပါနဲ့။

(၂) မင်္ဂလာပွဲ ကျင်းပမဲ့နေရာ ရွေးချယ်ပါ

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး

Photo : Arabia Weddings

ကွီးတို့ မင်္ဂလာပွဲအတွက် သုံးမဲ့ အသုံးစရိတ်နဲ့ ဧည့်သည် အရေအတွက်ကို သတ်မှတ်ပြီးပြီဆိုရင်တော့ ထိုသတ်မှတ်ချက်အပေါ်မူတည်ပြီး မင်္ဂလာ ဧည့်ခံပွဲလေး ကျင်းပဖို့နေရာရွေးချယ်ရမှာပါ။ ဟိုတယ်မှာပဲလုပ်မလား။ စိတ်ကူးယဉ်ဆန်ဆန် မြက်ခင်းပြင်ကြီးနဲ့ Outdoor ဧရိယာမှာပဲ လုပ်မလားဆိုတာ ကွီးတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ကွီးတို့ ရွေးချယ်မဲ့နေရာ ကို ကြိုတင်စာရင်းသွင်းထားဖို့တော့ မမေ့ပါနဲ့။

(၃) တည်ခင်း ဧည့်ခံမဲ့အစားအစာ

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး

Photo : Charm Weddings

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်မြောက်ဖို့ဆိုရင် ကွီးတို့ဧည့်ခံပွဲမှာ တည်ခင်းဧည့်ခံမဲ့ အစားအစာကလည်း အရေးကြီးပါတယ်။ ကွီးတို့ မင်္ဂလာပွဲကျင်းပမဲ့ ရာသီနဲ့လိုက်ဖက်ညီတဲ့ အစားအစာများဖြစ်ဖု့ အရေးကြီးပါတယ်။ သောက်စရာများ၊ အချိုတည်းစရာများကိုလည်း ကြိုတင်စဥ်းစားပြီး ပြင်ဆင်ထားပါ။

(၄) မင်္ဂလာဝတ်စုံ

wedding

Photo : Rachel

မင်္ဂလာပွဲတစ်ခုမှာ အရေးအကြီးဆုံးတစ်ခုထဲမှာ ပါဝင်တာကတော့ သတို့သားနဲ့ သတို့သမီးတို့ ဝတ်ဆင်မဲ့ မင်္ဂလာဝတ်စုံပါပဲ။ ဘယ်လိုအရောင်၊ ဘယ်လိုဒီဇိုင်းမျိုးဝတ်မယ်ဆိုတာ အချိန်တော်တော်အစောထဲက ပြင်ဆင်ထားတာကောင်းပါတယ်။ ဒီအချက်ကအနီးကပ်မှ ပြင်ဆင်မိခဲ့လျှင် စိတ်ကျေနပ်မှု အပြည့်အဝ ရမှာမဟုတ်ပါဘူး။ ဒါ့အပြင်နှစ်ဖက်မိဘများနဲ့ သတို့သားနဲ့ သတို့သမီးအရံများအတွက်ပါ သေချာပြင်ဆင်ပါ။

(၅) ဓာတ်ပုံဆရာ ကြိုတင်ငှားရမ်းပါ

Wedding

Photo : Providence Capital Funding

မင်္ဂလာဆောင်အယ်လ်ဘမ်က ကွီးတို့အတွက် မြတ်နိုးဖွယ်အမှတ်တရများကို ပြန်လည်အသက်သွင်းစေမည့် ပုံများဖြစ်သောကြောင့် ဓာတ်ပုံဆရာကောင်းတစ်ဦးရဲ့ အရေးပါမှုကို လျှော့မတွက်ပါနှင့်။ သေသေချာချာလေ့လာပြီး သင်လိုချင်တာကို အတိအကျနားလည်တဲ့သူကို ရှာပါ။ ကွီးတို့ လိုချင်တဲ့ ပုံစံမျိုးကို ကြိုတင်စဉ်းစားထားခြင်းကလဲ စိတ်ကူးကောင်းပါပဲ။

(၆) တေးဂီတ

Wedding

Photo : InMexico

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်စေဖို့ တေးဂီတ ထည့်သွင်းခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ မင်္ဂလာပွဲနဲ့ လိုက်ဖက်တဲ့သီချင်းလေးတွေ၊ ကွီးတို့ဖွင့်ချင်တဲ့ သီချင်းလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။

ကွီးတို့ရေ မင်္ဂလာပွဲကို အချိန်စောစောပြင်ဆက်နိုင်လေ၊ ပွဲနီးကပ်လာတဲ့အခါမှာ စိတ်ဖိစီးမှု ကင်းဝေးပြီး၊ အမှားနည်းလေလေပါပဲ။ အခုဖော်ပြထားလိုက်တဲ့ အချက်လေးတွေက ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ကျင်းပနိုင်ဖို့ အမှန်တကယ်ပင် အထောက်အကူပြု နိုင်မှာဖြစ်ပါတယ်။

Source : Wedding Ideas

Featured Photo : Elle Décor