အခုလက်ရှိ ဖက်ရှင်ရေစီးကြောင်းပေါ် လူငယ်တွေကြားမှာ Oversized T-Shirt တွေ တစ်ခေတ်ထနေပါတယ်။ Oversized T-Shirt တွေက ဝတ်ရတာ သက်တောင့်သက်သာနဲ့ ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိပြီး လူငယ်ဆန်ဆန် ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ ခပ်ပွပွ Oversized T-Shirt တွေနဲ့ အထာကျကျ ဖက်ရှင်ဖြုတ်တက်ဖို့ ကွီးတို့ သိထားသင့်တဲ့ ဖက်ရှင် အကြံပြုချက်လေးတွေ မျှဝေပေးပါမယ်။

(၁) Skinny တွေထဲက စဉ်းစားပါ

Oversized T-Shirt

Photo : Domno Vintage

Oversized T-Shirt တွေနဲ့ တွဲပြီး လူငယ်ဆန်ဆန် အထာကျကျ ဖက်ရှင်ဖြုတ်ဖို့ Skinny Jeans ဒါမှမဟုတ် အရမ်းမပွတဲ့ Cargos Pants တွေနဲ့ တွဲဖက်ဝတ်ဆင် နိုင်ပါတယ်။ T-Shirt ရွေးရာမှာတော့ Vintage ဆန်ဆန် Graphic Oversized T-shirts က ပိုလူငယ်ဆန်ပြီး အထာကျစေပါတယ်။ Street စတိုင်ဆန်ဆန် ကြိုက်တဲ့ လူငယ်တွေအတွက်တော့ ဒီ Outfit က သေချာပေါက် ရွေးချယ်စရာ တစ်ခုပါပဲ။

(၂) Relaxed Look ဖြစ်အောင်ဝတ်ပါ

Oversized T-Shirt

Photo : Domno Vintage

ပေါ့ပါးလွတ်လပ်ပြီး သက်တောင့်သက်သာရှိတဲ့ စတိုင်မျိုးမှ ကြိုက်တယ်ဆိုရင်တော့ Relaxed Jeans ဒါမှမဟုတ် ခပ်ပွပွ Cargos Pants တွေကို ရွေးချယ်နိုင်ပါတယ်။ ဗြောင် T-Shirt တွေ ဝတ်နိုင်သလို Graphic T-shirts တွေနဲ့ တွဲဝတ်လို့ အဆင်ပြေပြီး အဓိကအားဖြင့် ပေါ့ပေါ့ပါးပါး အသွင်အပြင်ကို ပေါ်လွင်စေဖို့ ဘောင်းဘီကိုတော့ အရောင်ခပ်မှိုင်းမှိုင်းထဲက ရွေးပေးပါ။

(၃) Straight Legged ဘောင်းဘီတွေနဲ့ ဝတ်ပါ

Oversized T-Shirt
Photo : Domno Vintage

အရမ်းကြီးလည်း Street စတိုင်ဆန်တဲ့ဘက် မသွားချင်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ အထာတော့ ကျချင်တယ်ဆိုရင်တော့ Straight Legged ဘောင်းဘီတွေနဲ့ ဝတ်နိုင်ပါတယ်။ Straight Leg Jeans ဒါမှမဟုတ် Chinos နှစ်သက်ရာကို ရွေးပါ။ အရောင်ခပ်လွင်လွင်ရှိတဲ့ T-shirts တွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

(၄) အပေါ်ထပ် ဝတ်ပါ

Oversized T-Shirt

Photo : Domno Vintage

Oversized T-Shirt တွေကို အပေါ်ထပ် အင်္ကျီတွေနဲ့ တွဲဝတ်လို့ ကြည့်မကောင်းလောက်ဘူး ထင်ရင်တော့ မှားပါတယ်။ အပေါ်ထပ် အင်္ကျီတွေနဲ့က ပိုပြီး လူငယ်ဆန်သလို အထာလည်းကျတယ်လို့ ပြောလို့ရပါတယ်။ အောက်ခံဝတ်မယ့် T-Shirt ထက် ပိုရှည်တဲ့ အပေါ်ထပ် အင်္ကျီတွေကိုရွေးတာ ပိုကောင်းပါတယ်။ ဒါက ပိုမိုသက်တောင့်သက်သာ ရှိသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေတဲ့ အသွင်အပြင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Domno Vintage