အမျိုးသားတွေအတွက် သက်တောင့်သက်သာနဲ့ စွယ်စုံရတဲ့ Shirt တွေကို ပြောပါဆိုရင် Oxford Shirt တွေက ထိပ်ဆုံးက ပါပါတယ်။ Oxford Shirt တွေဟာ ၁၉ ရာစုလောက်က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းပေါ်မှာ လူကြိုက်များနေဆဲ ဖြစ်တဲ့ ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ စမတ်ကျတဲ့ ဖက်ရှင် အနေနဲ့ပဲ ဝတ်မလား ၊ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျချင်လား Oxford Shirt တွေက အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအတွက် Oxford Shirt တွေကို စတိုင် ကျအောင် ဝတ်လို့ရမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Formal

Photo : The Trend Spotter

Oxford Shirt တွေဟာ Weddings နဲ့ ပွဲတက်အခမ်းအနားတွေအတွက် Formal ဆန်ဆန် ဝတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ များ သောအားဖြင့် အဖြူရောင် Oxford Shirt တွေကို အနက်ရောင် Suit တွေနဲ့ တွဲဝတ်ကြတာ များပါတယ်။ မီးခိုးရောင် ၊ အစိမ်းရောင် ၊ နက်ပြာ ရောင် ၊ အညိုရောင် Suit တွေနဲ့လည်း နှစ်သက်သလို တွဲဝတ်နိုင်ပါတယ်။ Suit တွေနဲ့ ဝတ်မယ်ဆိုရင်တော့ Cufflinks ၊ Dress Watch နဲ့ Dress Shoes တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေမှာပါ။

(၂) Semi-Formal

Photo : The Trend Spotter

Oxford Shirt တွေကို ပိုပြီးလွတ်လပ်ပေါ့ပါးတဲ့ Semi-Formal စတိုင် ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်လို့ ရပါတယ်။ မီးခိုးရောင်၊ အပြာရောင် ၊ အနက်ရောင် ၊ ပန်းရောင်နဲ့ အဖြူရောင် Oxford Shirt တွေကို Suit တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သလို Chinos ဘောင်းဘီ Blazer ကုတ်တွေနဲ့လည်း သီးခြားဝတ်ဆင်လို့ ရပါတယ်။ Dress Shoes ၊ နေကာမျက်မှန်နဲ့ လိုက်ဖက်တဲ့ဖက်ရှင် Accessories တွေ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပိုပြီး စတိုင်ကျစေမှာပါ။

(၃) Smart Casual

Photo : The Trend Spotter

အားလပ်ရက် ဘော်ဒါတွေနဲ့ ကော်ဖီဒိတ်တဲ့အခါမျိုးတွေမှာ Oxford Shirt တွေကို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ Smart Casual စတိုင် ဝတ်လို့ရပါတယ်။ အဖြူရောင် Oxford Shirt တွေကို Linen Pants တွေနဲ့ စတိုင်ကျကျ တွဲဖက်ဝတ်နိုင်သလို လန်းဆန်းတက်ကြွတဲ့ Summer Vibe ဖက်ရှင်မျိုး နှစ်သက်တယ်ဆိုရင်တော့ ဘောင်းဘီတို ၊ Blazer ကုတ်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

(၄) Casual

Photo : The Trend Spotter

Oxford Shirt တွေက စွယ်စုံရဖက်ရှင်လို့ ဆိုတဲ့အတိုင်း တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ Casual စတိုင်အနေနဲ့ ဝတ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ ဂျင်းဘောင်းဘီနဲ့ပဲ တွဲဝတ်မလား ၊ Oxford Shirt အဖြူကို Chinos ဘောင်းဘီနဲ့ပဲ တွဲဝတ်မလား ဒါမှမဟုတ် လူငယ်ဆန်ဆန် Sweatshirt တွေ အောက်မှာပဲ ခံဝတ်မလား အဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါး ကျောင်းသွား ရုံးသွားဖက်ရှင်တစ်ခုအနေနဲ့ ဝတ်နိုင်သလို အားလပ်ရက် ဟိုးနားဒီနား အပြင်သွားတဲ့အချိန်မှာလည်း ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ ဝတ်ဆင်လို့ရပါတယ်။

Featured Photo : The Trend Spotter