လွယ်ကူရိုးရှင်း အသီးရနံ့သင်းတဲ့ Peach ဘော်ဘွန်း ကော့လ်တေး ကွီးတို့အိမ်မှာ အလွယ်ကူဆုံး ဖျော်စပ်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ Peach ဘော်ဘွန်း ကော့လ်တေးဆိုတာကတော့ ဘော်ဘွန်းဝီစကီရဲ့ ရှတတ အရသာနဲ့ မက်မွန်သီးရဲ့ ချိုမြိန်သင်းပျံ့မှုတို့ကို ပေါင်းစပ်ထားတဲ့ စွဲမက်ဖွယ် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ဒင်နာပါတီနဲ့ နွေရာသီလို ကာလတွေမှာသောက်လို့ အလိုက်ဖက်ဆုံး ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။

Photo : A Couple Cooks

Peach ဘော်ဘွန်း ကော့လ်တေးမှာ ပါဝင်တဲ့ Ingredients တွေကတော့ ၃ မျိုးတည်း ပါပါတယ်။ ဘော်ဘွန်းဝီစကီ ၊ မက်မွန်သီးအရသာအတွက် Peach Schnapps နဲ့ လိမ္မော်ဖျော်ရည် တို့ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်း ၃ မျိုးရှိရုံနဲ့ အိမ်မှာ အလွယ်ကူအရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်နိုင်မယ့် Peach ဘော်ဘွန်း ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Lowball ဖန်ခွက်ထဲမှာ ဘော်ဘွန်းဝီစကီ ၂ အောင်စ ၊ Peach Schnapps ၁ အောင်စနဲ့ လတ်ဆတ်တဲ့ လိမ္မော်ဖျော်ရည် ၁ အောင်စကျော်ကျော်တို့ကို ရေခဲနဲ့ ရောထည့်ပြီး ကော့လ်တေးဇွန်းလေးနဲ့ မွှေပေးပါ။ ဖန်ခွက်အပေါ်မှာ မက်မွန်သီးခြမ်း ၊ ပူစီနံရွက်အနည်းငယ်အလှဆင်ပြီး မက်မွန်သီးရနံ့ ချိုမြိန်သင်းပျံ့တဲ့ Peach ဘော်ဘွန်း ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Mom 4 Real