Pelvic Floor လေ့ကျင့်ခန်း များကို နောက်တစ်နည်းအားဖြင့် Kegel လေ့ကျင့်ခန်းလို့လည်း ခေါ်ကြပါသေးတယ်။ ဒီလေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်ရည်ကို ပိုမို မြင့်မားစေနိုင်ပြီး ကွီးတို့ရဲ့ လိင်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း ဘီးကျဲ တော်တော်များများက Pelvic Floor လေ့ကျင့်ခန်း တွေဆိုရင် မပျက်မကွက် ဆော့ကစားကြတာပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အခုမှ စလုပ်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများနဲ့ အစပြုနိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

Source: connor meyler

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ဒူးနှစ်ဖက်ကို ထောင်ထားပါ။

ထို့နောက် တင်ပါးကို အပေါ်သို့ ကြွလိုက်ပြီး ပုံပါအတိုင်း မျဥ်းစောင်းပုံသဏ္ဍာန်ဖြစ်အောင် ၅ စက္ကန့်ခန့် တောင့်ထားလိုက်ပါ။

ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

နောက်ထပ် ၅ ကျော့လောက် ဆက်လက်လုပ်ဆောင်ပေးလိုက်ရုံပါပဲ။

လေ့ကျင့်ခန်း လုပ်နေချိန်မှာ သတိထားရမယ့် အချက်ကတော့ အသက်အောင့်မထားဘဲ မှန်မှန် ရှူသွင်း ရှူထုတ် ပြုလုပ်ပေးဖို့ပါပဲ။

လေ့ကျင့်ခန်း (၂)

Pelvic Floor လေ့ကျင့်ခန်း

Photo: Wiki

ထိုင်လျက်သားနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်တယ်ဆိုရင်ရော ယုံမလား။

ကွီးတို့သည် ထိုင်ခုံပေါ်မှာပဲ ထိုင်သည်ဖြစ်စေ တစ်ခုခု လုပ်စရာရှိလို့ ထနေသည်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါပဲ။

ခါးမတ်မတ်ထားပြီး ထိုင် (သို့) ထနေပါ။ ထို့နောက် တင်ပါးဆုံ ကြွက်သားများကို ၅ စက္ကန့် ကြာအောင် ညှစ်ထားလိုက်ပါ။ ထိုအချိန်မှာ ပုံမှန်အတိုင်း အသက် ရှူသွင်း ရှူထုတ် ပြုလုပ်ပါ။

စုစုပေါင်း ၅ ကျော့ခန့် ပြုလုပ်ရုံပါပဲ။

စစချင်း လေ့ကျင့်ခန်း စလုပ်တဲ့အခါမှာတော့ အကြိမ်ရေ အများကြီး ပြုလုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ရက်များလာပြီ၊ ကွီးတို့ကလည်း ကျွမ်းကျင်လာပြီဆိုရင်တော့ အကြိမ်ရေ တဖြည်းဖြည်းချင်းစီ တိုးပေးလို့ရပါတယ်။

လေ့ကျင့်ခန်း (၃)

Pelvic Floor လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်တစ်ဖက်တည်းနဲ့ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ဒူးတစ်ဖက်ကို ထောင်ထားပြီး ကျန် ခြေထောက်တစ်ဖက်ကိုတော့ ဆန့်တန်းထားပါ။

ထို့နောက် ခြေထောက် ဆန့်တန်းလျက်သားနဲ့ တင်ပါးကို အပေါ်သို ကြွလိုက်ပါ။ စက္ကန့် အနည်းငယ်လောက် တောင့်ထားပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ၅ ကျော့လောက် ပြုလုပ်ပေးရပါမယ်။​

၅ ကျော့ ပြည့်တဲ့အခါ ခြေထောက်နှစ်ဖက်ကို ဘက်ပြောင်းပေးပြီး လေ့ကျင့်ခန်းကို ဆက်လက်ပြုလုပ် ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများက ပုရိသတို့ အများစု ကြုံတွေ့ရတဲ့ ပန်းသေး ပန်းညှိုး ရောဂါမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ တချို့ ရွှေပန်းညှိုးသွားတဲ့ အမျိုးသားတွေဆိုရင် ဆရာဝန်က ဒီ Pelvic Floor လေ့ကျင့်ခန်းတွေကို ပုံမှန် ပြုလုပ်ဖို့ တိုက်တွန်းထားပါသေးတယ်။

ကွီးတို့ရော ဒီလေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ဖြစ်ရဲ့လား။

Source: Wikihow

Featured Image: Hartmanndirect.co.uk