ဘီးလ်ဂိတ်ထက် အဆပေါင်းများစွာချမ်းသာကြသူများ

ပါဘလို အက်စ်ကိုဘာ (ဒေါ်လာ ၁၅၅ ဘီလီယံ)

Source: GQ Australia

သူ့အကြောင်းအသေးစိတ် သိချင်ရင်တော့ Narcos ဆိုတဲ့စီးရီးကို ကြည့်လိုက်ပါ။ အက်စ်ကိုဘာဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လို့လူတွေက ယုံကြည်ထားကြတယ်။ ဒါပေမယ့် သူ့ရဲ့ဒုစရိုက် လုပ်ငန်းတွေကြောင့် လူချမ်းသာစာရင်းတွေထဲမှာတော့ တခါမှ ဖော်ပြခြင်း မခံခဲ့ရပါဘူး။

သူဟာ လေယာဉ်တွေ၊ ဇိမ်ခံအိမ်တွေ၊ လှေတွေ အမြောက်အများ ပိုင်ဆိုင်ခဲ့ပြီးတော့ ကိုယ်ပိုင်လေယာဉ်ကွင်းနဲ့ အိမ်နားမှာ တိရိစ္ဆာန် ဥယျာဉ်တောင် ဆောက်လုပ်ခဲ့ပါသေးတယ်။ သူ့ပိုက်ဆံတွေကို သေချာထုပ်ပိုးထားနိူင်ဖို့အတွက် တလကို ဒေါ်လာ (၂၅၀၀) သရေးကွင်းဝယ်ဖို့ အသုံးပြုလေ့ရှိပါတယ်။

ကင်ဂျုံအန် (ဒေါ်လာ ၁၇၀ ဘီလီယံ)

Source: New York Post

လူတွေက မြောက်ကိုးရီးယားပြည်သူတွေ ဆင်းရဲပြီး ငတ်နေကြတာကိုပဲ သိကြတာပါ။ သူ့တိုင်းပြည်က ဆင်းရဲပေမယ့် ကင်ဂျုံအန်ကတော့ မတရားချမ်းသာနေတာကို လူတွေသိပ်မသိကြဘူး။ သူဟာ တိုင်းပြည်အတွင်းမှာ အရာအားလုံနီးပါးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူ့ရဲ့ခန့်မှန်းချေ ပိုင်ဆိုင်မူဟာ ဒေါ်လာ ၁၇၀ ဘီလီယံရှိပါတယ်။

မိုမာ ဂါဒါဖ် (ဒေါ်လာ ၁၈၀ ဘီလီယံ)

Source: The African Exponent

မိုမာ ဂါဒါဖ် ကိုတော့ လီဗျာနိူင်ငံရဲ့ မကောင်းဆိုးဝါး ခေါင်းဆောင်အဖြစ် လူသိများခဲ့ကြပါတယ်။ အကျင့်ပျက် ချစားမူတွေကြောင့် ချမ်းသာလာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမူဟာ ဒေါ်လာ ၁၈၀ ဘီလီယံ ဝန်းကျင်ရှိခဲ့ပါတယ်။

တိုင်းပြည်က ပိုက်ဆံတွေအကုန်လုံးကို သူ့အတွက်အသုံးပြုခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ရင်းနှီးမြုပ်နှံမူတွေ လုပ်ခဲ့ပါတယ်။

ဗလာဒီမီ ပူတင် (ဒေါ်လာ ၂၀၀ ဘီလီယံ)

Source: Radio Free Europe

လက်ရှိ ကမ္ဘာမှာ အချမ်းသာဆုံးလူ လို့ပြောလို့ရပါတယ်။ ဒါပေမယ့် တရားဝင် လူချမ်းသာစာရင်းမှာတော့ ဖော်ပြခံရခြင်းမရှိပါဘူး။ သူ့ဆီမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နာရီတွေ၊ ရွတ်လှေတွေ ဇိမ်ခံအိမ်တွေ အများကြီးရှိပါတယ်။ အာဏာရှင်စနစ်ကို လိုလားတဲ့ ရုရှားလူချမ်းသာတွေရဲ့ လဘ်ထိုးမူကြောင့် အခုလိုမျိုး ချမ်းသာလာတာလည်းဖြစ်ပါတယ်။

ဘီးလ်ဂိတ်ရဲ့ ချမ်းသာကြွယ်ဝမူဟာ ၂၀၂၀ မှာ ဒေါ်လာ ၉၈ ဘီလီယံရှိပါတယ်။