ဘာအတွက်ပဲ ဝယ်ဝယ် အဝတ်အစားဝယ်မယ်ဆိုရင် ကိုယ်ပေးတာနဲ့ တန်တဲ့ ဖက်ရှင်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဝတ်အစား အရွေးမှန်တာဟာ ဝတ်လိုက်တိုင်း စိတ်လည်း ချမ်းသာသလို ဖက်ရှင်မိလို့ ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ချယုံကြည်မှုမြင့်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ အဝတ်အစား အဝယ်မမှားဖို့ Personal Stylist တွေ အကြံပြုကြတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) အစီအစဉ်နဲ့ ဝယ်ပါ

Cloth

Photo : forbes

အဝတ်အစားဝယ်မယ်ဆို အစောကတည်းက ကြိုပြီး စဉ်းစားထားတာ ကောင်းတယ်။ မဝယ်ခင် ကိုယ့်ဗီရိုကို အရင်ဖွင့် ၊ ဘာဝယ်ဖို့ လိုတာလဲ ကြည့်ပါ။ ဘာအတွက် ဝယ်မှာလဲ။ ဘာအမျိုးအစားမျိုး ဝယ်မှာလဲ။ ဘာကြောင့် ဝယ်မှာလဲ။ ဒါကြောင့် အဝတ်အစားသစ် မဝယ်ခင် ဗီရိုကို အရင်ဖွင့်ကြည့်ဖို့ လိုမယ်လို့ ပြောချင်ပါတယ်။

(၂) ကိုယ့်ဆိုဒ်နဲ့ပဲ တိုင်းဝယ်ပါ

smiling-young-man-buying-clothes

Photo : squarespace

ဈေးသက်သာလို့ ဆိုပြီး ကိုယ်နဲ့ ဆိုဒ်မတော်တာ မဝယ်မိပါစေနဲ့။ ဖက်ရှင်စတိုင်အတွက် နံပါတ်တစ် စည်းမျဉ်းက အဝတ်အစားတွေ ကိုယ်နဲ့ အံကျဖြစ်တာ ရွေးပါ ဆိုတာပါပဲ။ Fit မဟုတ်တဲ့ ဖက်ရှင်တွေ ဝယ်မိပြီးမှ ဆိုင်ပြန်အပ်ပြီး ဆိုဒ်သီတာက ပုံစံပျက်သလို ဝတ်ရတာလည်း အဆင်ပြေဖို့ မလွယ်ပါဘူး။

(၃) ရာသီဥတုလည်း ခေါင်းထဲထည့်ပါ

clothesshop

Photo : startupdonut

အဝတ်အစား ဝယ်ရင် ရာသီနဲ့ချိန်ညှိပြီး ဝယ်ဖို့လည်း မမေ့သင့်ပါဘူး။ T-Shirt ဝယ်တာတောင် နွေရာသီမှာ ဝတ်ဖို့ ဝယ်တဲ့ T-Shirt ဟာ ဆောင်းရာသီထက် ပိုပြီး ချည်သားပါးဖို့ လိုပါတယ်။ ဆောင်းတွင်းဝတ်ဖို့ ဝယ်တဲ့ Chino Pant ဟာ နွေရာသီမှာ ဝတ်ဖို့ ဝယ်တဲ့အထည်ထက် ချည်သားပဲထူဖို့ လိုသလိုမျိုး ဖြစ်ပါတယ်။ ရာသီချိန်ညှိပြီး အဝတ်အစား ဝယ်တာ ၊ ကိုယ့်အဝတ်အစားရဲ့ အသုံးချမှုတန်ဖိုးကို ကြည့်ဝယ်တာဟာ တကယ်လည်း အသုံးတည့်သလို စိတ်တိုင်းလည်း ပိုကျနိုင်ပါတယ်။

ဘာပဲဝယ်ဝယ် ကြွားချင်စိတ်နဲ့ မဝယ်ဘဲ ကိုယ်သုံးနိုင်တဲ့ဈေးဘောင်ထဲက ကိုယ့်ရဲ့ Theme Color နဲ့ကိုယ်ပိုင်ဟန်ကို ဖော်ထုတ်နိုင်သလားဆိုတဲ့အချက် ကို အဓိကထားပြီး ဝယ်ဖို့လည်း အကြံပေးလိုက်ရပါတယ်။

Featured Photo : squarespace