အားလုံးသိကြတဲ့ အတိုင်း။ စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ သွားလေရာဆောင်သွားရတဲ့ အသုံးအဆောင်တစ်ခု ဖြစ်လာပါပြီ။ စမတ်ဖုန်းတွေ အသုံးများလွန်းလို့ပဲ ဒီနေ့ခေတ်မှာ စမတ်ဖုန်းစွဲလမ်းလွန်မှု Smartphone Addiction ဆိုတဲ့ စကားတွေ ပေါ်လာတာပါ။
စမတ်ဖုန်းတွေ အသုံးများလာပေမယ့် အရေးကြီးတဲ့ စမတ်ဖုန်းစည်းကမ်း‌တွေကို သိတဲ့သူ နည်းပါတယ်။ အခုပြောမှာကတော့ မချိုးဖောက်မိအောင် သတိထားရမယ့် စမတ်ဖုန်း စည်းကမ်း ၄ ချက် အကြောင်း ဖြစ်ပါတယ်။

(၁) စကားဝိုင်းမှာ ဖုန်း မသုံးပါနဲ့

Photo: Freepik

သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်မှာ ပဲ ဖြစ်ဖြစ် နောက်ဆုံး သမီးရည်းစား ချိန်းတွေ့ချိန်မှာ ဖြစ်ဖြစ် ဖုန်းပွတ်တာမျိုး ရှောင်ပါ။ ဒါဟာ အရေးကြီးတဲ့ ကျင့်ဝတ်စည်းကမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ခြားသူတွေနဲ့ တွေ့ဆုံချိန်မှာ ဖုန်းသုံးတာဟာ လေးစားမှု မရှိတာ ဖြစ်ပါတယ်။

(၂) လူကြားထဲမှာ ဖုန်း အကျယ်ကြီး မပြောပါနဲ့

Photo: Freepik

ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောတတ်တဲ့ အကျင့်ရှိရင် ဒီအကျင့်ကို ဖျောက်ပစ်ပါ။ အနီးအနားက တစ်ခြားသူတွေကို အားနာဖို့ ကောင်းပါတယ်။ ဖုန်းကို Speaker ဖွင့်ပြောတာမျိုးကလည်း တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းလို့ မလုပ်မိအောင် သတိထားပါ။

(၃) နားကြပ်သုံးပြီး သီချင်းနားထောင်ပါ

Photo: Pexels

ဘတ်စ်ကားပေါ်မှာ ဖြစ်ဖြစ် ရထားပေါ်မှာပဲ ဖြစ်ဖြစ် သွားရင်းလာရင်း သီချင်းနားထောင်ချင်ရင် ဒါမှမဟုတ် ဂိမ်းဆော့ချင်ရင် / ရုပ်ရှင်ကြည့်ချင်ရင် နားကြပ်တပ်ပါ။ ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကို စိတ်ဒုက္ခမရောက်အောင် နေတာဟာ လူကြီးလူကောင်းဆန်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) ခွင့်မတောင်းဘဲ ဓါတ်ပုံ/ဗွီဒီယိုရိုက်တာ ရှောင်ပါ

Photo: Unsplash

လူတစ်ယောက်ကို ဓါတ်ပုံရိုက်ချင်ရင် သူ့ဆီက ခွင့်ပြုချက်ရယူပါ။ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတစ်ခုခုကို ဗွီဒီယို/ဓါတ်ပုံရိုက်ချင်တယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ခွင့်တောင်းပြီး ရိုက်သင့်ပါတယ်။