ကမ္ဘာကျော် အဆိုတော် P!nk ရဲ့ နာမည်အရင်းကတော့ Alecia Beth Moore ဖြစ်ပြီး အောင်မြင်တဲ့ သီချင်း ပေါင်းများစွာရဲ့ အဆိုရှင်တစ်ဦးဖြစ်ပါတယ်။

သူ(မ)သည် ၁၉၇၉၊ စက်တင်ဘာလ ၈ ရက်နေ့တွင် Pennsylvania ပြည်နယ်၊ အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ P!nk ရဲ့ လူကြိုက်အများဆုံး သီချင်း များထဲတွင် Just Give Me A Reason ၊ Try နှင့် So What တို့ပါပဲ။ Just Give Me A Reason သီချင်းကိုတော့ Featuring အနေနဲ့ Nate Ruess က သီဆိုထားတာဖြစ်ပါတယ်။

သူ(မ)သည် အရင်တုန်းက Girl Group အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သို့သော် ၁၉၉၅ ခုနှစ်တွင် LaFace Records က သူ(မ)ရဲ့ အရည်အချင်းကို တွေ့မြင်ခဲ့တဲ့အတွက်ကြောင့် Solo အဆိုတော်အဖြစ် ရပ်တည်ရန် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

P!nk သီချင်း

Photo: 6ABC

သူ(မ)သည် ၂၀၀၆ ခုနှစ်တွင် Carey Hart နှင့် လက်ထပ်ခဲ့ပြီး Willow Sage Hart နှင့် Jameson Moon Hart ဆိုတဲ့ သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ P!nk ရဲ့ လူကြိုက်အများဆုံး တေး သီချင်း များကို သူ့ရဲ့ ပရိသတ်တွေ နားဆင်ခံစားနိုင်အောင်လို့ ရွေးချယ်တင်ဆင်ပေးလိုက်ရပါတယ်။

Who Knew

ဒီသီချင်းလေးကတော့ P!nk ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ထွက်ရှိထားတဲ့ သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ သူ(မ)ကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပြီး Max Martin နှင့် Lukasz “Dr. Luke” Gottwald တို့နဲ့အတူ တွဲဖက်ကာ ရေးစပ်ထားတာဖြစ်ပါတယ်။

U + Ur Hand

ဒီသီချင်းလေးကလည်း သူ(မ)ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Pop Rock နှင့် Electronic Rock အမျိုးအစား ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့သွားစေမယ့် သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

Just Give Me A Reason (Featuring Nate Ruess)

ဒီသီချင်းလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ The Truth About Love ဆိုတဲ့ သူ(မ)ရဲ့ ခြောက်ကြိမ်မြောက် စတူဒီယို အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ အောင်မြင်လွန်းလို့ အဆိုတော်မြောက်မြားစွာက Cover သီချင်းအဖြစ် ပြန်လည်သီဆိုကြပါသေးတယ်။

Don’t Let Me Get Me

ဒီသီချင်းလေးကတော့ Pop ၊ R&B နှင့် Soul သီချင်းအမျိုးအစားတစ်ပုဒ်ပါ။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီ။ ဒီသီချင်းလေးကတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေတဲ့အကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။ သို့သော် သီချင်းအဆုံးသတ်မှာတော့ သူ(မ)သည် သူ(မ)ကိုယ်တိုင်သာဖြစ်ပြီး ထိုအရာသည်လည်း တစ်နေ့နေ့တချိန်ချိန်မှာတော့ အဆင်ပြေသွားမှာဖြစ်ကြောင်း ဖော်ကျူးသီဆိုထားပါတယ်။

Raise Your Glass

ဒီသီချင်းကတော့ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပေါ်ပြူလာဖြစ်တဲ့ လူတစ်စုရဲ့ ချန်လှပ်ထားခြင်းကို ခံရတဲ့လူတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သီဆိုထားတာဖြစ်ပါတယ်။

What About Us

ဒီသီချင်းလေးကတော့ ၂၀၁၇ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး သူတို့နိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်းများအကြောင်းနှင့် နိုင်ငံရေးအကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။

Leave Me Alone (I’m Lonely)

ဒီသီချင်းလေးကတော့ သူ(မ)ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ထဲကပဲဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ သူ(မ)သည် ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေပေမယ့် သူ(မ)ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတော့ လိုအပ်နေကြောင်း သီဆိုဖော်ကျူးထားတာဖြစ်ပါတယ်။

Try

ဒီသီချင်းလေးကတော့ အဓိပ္ပာယ်များစွာ ပြည့်ဝနေပြီး စိတ်ခွန်အားဖြစ်စေမယ့် သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေသူများအတွက် နားထောင်သင့်တဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

လဲကျသွားတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် အသိစိတ်ဝင်အောင် ပြန်ထိန်းပြီး ကိုယ့်ရဲ့ဘဝကို အကောင်းဆုံး ကြိုးစားဖြတ်သန်းဖို့ စိတ်ခွန်အားပေးထားတာဖြစ်ပါတယ်။

There You Go

ဒီသီချင်းလေးကတော့ R&B အနည်းငယ် လွှမ်းမိုးနေတဲ့ Dance-Pop Tune သီချင်းအမျိုးအစားပဲဖြစ်ပါတယ်။ ဒီသီချင်းကိုလည်း သူ(မ)ရဲ့ သီချင်းရေးဆရာနဲ့ အတူတူတွဲကာ ရေးစပ်ထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာတော့ လမ်းခွဲပြတ်စဲသွားပြီဖြစ်တဲ့ ရည်းစားဟောင်းကောင်လေးက သူ(မ)ကို ဘဝသစ် မစနိုင်အောင် အမျိုးမျိုး နှောင့်ယှက်နေတာဖြစ်ကြောင်း သီဆိုထားတာပါ။

God Is A DJ

ဒီသီချင်းသည်လည်း ဘဝကို အကောင်းဆုံး ဖြတ်သန်းရမှာဖြစ်ကြောင်း တိုက်တွန်းနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ ဘယ်အရာတွေနဲ့ပဲ ကြုံလာ ကြုံလာ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောကြားထားတာပါ။

P!nk ရဲ့ ပရိသတ်တွေလည်း အခုဖော်ပြခဲ့တဲ့ သီချင်းလေးများကို အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: P!nk

Featured Image: Foxbusiness