Realme 10-series ရဲ့ ပထမဆုံးဖုန်း စတင်ထွက်ရှိလာပြီဖြစ်ပြီး ၎င်းဖုန်းဟာ စွမ်းဆောင်ရည်နဲ့ စွမ်းအင်သုံးစွဲမှုအပေါ် အဓိကထား ထုတ်လုပ်ထားပါတယ်။ Realme 10 လို့ နာမည်ပေးထားတဲ့ ဒီ ဖုန်း က သူ့ရဲ့ အရင်ထွက်ရှိထားတဲ့မျိုးဆက် Snapdragon 680 အစား MediaTek Helio G99 ကို အသုံးပြုထားပါတယ်။

Photo : GSMArena.com

AnTuTu မှာ ရမှတ် ၄၀၀,၀၀၀ ခန့် ရရှိထားပြီး Realme 9 ထက် ၄၀ ရာခိုင်နှုန်း စွမ်းဆောင်ရည် ပိုမြင့်ပါတယ်။ Chipset အသစ်မှာ CPU စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုမြန်ပြီး စွမ်းအင်သုံးစွဲမှု ၂၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။

Realme 10 ဖုန်းမှာ 4GB ၊ 6GB နဲ့ 8GB RAM များပါရှိပြီး 8GB Virtual RAM အထိ တိုးချဲ့နိုင်ပါတယ်။ Realme အနေနဲ့ UFS 2.2 Storage (64-256GB) ကို အသုံးပြုထားပြီး Realme 9 ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်တဲ့ Cold Launches ( ၄၀ ရာခိုင်နှုန်း ပိုမြန်တဲ့ Hot Launches) များကို ကြော်ငြာထားပါတယ်။ Realme 10 ဖုန်းဟာ UFS 2.2 ကိုလည်း အသုံးပြုထားတဲ့အတွက် အခြား Optimization အချို့ကိုတော့ ကစားရမှာ ဖြစ်ပါတယ်။

G99 Chipset နဲ့ ၎င်းရဲ့ Mali-G57 MC2 GPU ဟာ PUBG ဂိမ်းကစားတဲ့အခါ 40fps ကို ပေးစွမ်းမယ်လို့ ဆိုထားပါတယ်။ Realme 10 ဖုန်းမှာ microSD slot ပါဝင်တဲ့အတွက် 1TB Storage အထိ ထပ်မြင့်နိုင်မှာ ဖြစ်ပါတယ်။ PUBG မှာ 90fps နဲ့ မကစားနိုင်ပေမယ့် အခြားသော ပေါ့ပေါ့ပါးပါး ဂိမ်းတွေမှာတော့ ရနိုင်ပါတယ်။

Photo : GSMArena.com

Realme 10 ဖုန်းမှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင် (1,080 x 2,400px) တပ်ဆင်ပေးထားပြီး 90Hz Refresh Rrate နဲ့ 360Hz Touch Sampling Rate တို့ ထောက်ပံ့ပေးထားပါတယ်။ အမြင့်ဆုံး Brightness ၁,၀၀၀ Nits အထိရှိပြီး Realme 9 မျက်နှာပြင်မှာလိုပဲ Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ အရင်မျိုးဆက်တွေနဲ့ နှိုင်းယှဉ်ပါက ကြီးကြီးမားမား အဆင့်လျှော့ချထားပြီး 50MP Main ကင်မရာ (1/2.76” JN1 Sensor) နဲ့ 2MP Depth Sensor ကင်မရာ ၁ လုံးတို့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Realme 10 ဖုန်းမှာ Ultra Wide ကင်မရာတော့ မပါဝင်ပါဘူး။ Realme 9 ဖုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ Realme 9 မှာ 108MP Main ကင်မရာ (1/1.67″) နဲ့ 8MP Ultra-Wide ကင်မရာတို့ ပါရှိပါတယ်။

ဘက်ထရီကတော့ အရင်မျိုးဆက်အတိုင်း 5,000mAh နဲ့ 33W Fast Charging စနစ် ထောက်ပံ့ထားပါတယ်။ သို့သော် Realme အနေနနဲ့ Charge Cycle ကို မိနစ်အနည်းငယ်အတွင်း ချုံ့နိုင်ခဲ့ပါတယ်။ Realme 10 ဖုန်းမှာ 50% အားသွင်းဖို့ ၂၈ မိနစ်သာကြာပြီး အားအပြည့်သွင်းဖို့ ၇၀ မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ အရင်မျိုးဆက်မှာတော့ 50% အားသွင်းဖို့ ၃၁ မိနစ်ကြာပြီး 100% အားအပြည့်သွင်းဖို့ ၇၅ မိနစ် ကြာမြင့်ပါတယ်။

Photo : GSMArena.com

Realme 10 ဖုန်း ကို မကြာခင်မှာ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ RAM / Storage အလိုက် ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Realme 10 ဈေးနှုန်း

4 / 64GB ဒေါ်လာ (230)
4 / 128GB ဒေါ်လာ (250)
6 / 128GB ဒေါ်လာ (270)
8 / 128GB ဒေါ်လာ (280)
8 / 256GB ဒေါ်လာ (300)

Featured Photo : GSMArena.com