Realme P-series ရဲ့ တတိယမြောက် မျိုးဆက် စမတ်ဖုန်း အသစ် Realme P1 Speed ဖုန်းကို ဒီနေ့မှာပဲ အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။

Realme P1

Photo : Speed GIZGUIDE

ဒီဖုန်းမှာ ၆.၆၇ လက်မ OLED FHD+ 120Hz မျက်နှာပြင် တပ်ဆင်ပေးထားပြီး Dimensity 7300 Energy Chipset နဲ့ 45W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာနဲ့အတူ 2MP Depth ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပြီး အရှေ့ဘက် Punch-Hole Cutout ထဲမှာ 16MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းပေးထားပါတယ်။

Software ပိုင်းမှာ Android 14 အခြေပြု realme UI 5.0 ကို သုံးထားပြီး 8/12GB RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့ ထုတ်ထားကား Onboard MicroSD Card Slot တစ်ခုလည်း ပါပါတယ်။ အခြားပါဝင်လာတဲ့ Features တွေအနေနဲ့ကတော့ 3.5mm Audio Jack ၊ Stereo Speakers တွေနဲ့ ရေဒဏ်ဖုန်ဒဏ်ခံနိုင်ရည်ရှိတဲ့ IP65 အဆင့်သတ်မှတ်ချက် ပါပါတယ်။

အရောင်တွေအနေနဲ့ကတော့ Brushed Blue နဲ့ Textured Titanium ဆိုပြီး အရောင် ၂ မျိုးနဲ့ ထုတ်ထားပြီး စျေးနှုန်းတွေကတော့ 8/128GB ဗားရှင်းကို ရူပီး ၁၇,၉၉၉ ( ၂၁၅ ဒေါ်လာ ) 12/256GB ဗားရှင်းအတွက်ကို ရူပီး ၂၀,၉၉၉ ( ၂၅၀ ဒေါ်လာ ) ခန့် သတ်မှတ်ထားပါတယ်။

Realme P1
Photo : GSMArena.com

Realme P1 Speed ကို Realme ရဲ့ တရားဝင်စတိုးနဲ့ Flipkart တို့ကနေတဆင့် လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : Gadgets 360