Xiaomi ကတော့ Redmi K60 စီးရီးကို လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင် ကြေညာသွားတော့မှာပဲ ဖြစ်ပါတယ်။ Xiaomi ဟာ Weibo မှာ မိတ်ဆက်မယ့် ရက်စွဲကို အတည်ပြုခဲ့ပြီး Redmi K60 စီးရီး သစ်မှာ Gaming ဖုန်းတော့ ပါဝင်လာမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

Photo : Xiaomiui

အဆိုပါ K60 စီးရီးမှာ Redmi Brand အတွက် ပထမဆုံး Periscope Shooter ပါဝင်လာမယ့် ကျောဘက် ကင်မရာသုံးလုံးပါတဲ့ K60 ဖုန်းလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Redmi ရဲ့ Weibo စာမျက်နှာမှာတော့ စွမ်းဆောင်ရည်မြင့် Redmi K60 စီးရီးဖုန်းတွေဟာ Mobile Gaming အတွက် ကောင်းမွန်လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိတာကြောင့် သီးခြား Gaming Version ဖုန်းတွေ ထပ်ထုတ်ဖို့ လိုမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

Redmi K60 စီးရီး မိတ်ဆက်ပွဲကျင်းပဖို့ ကြားလေးရက်သာ လိုတော့ပြီး မကြာမီအချိန်အတွင်း တရားဝင် Teaser တွေကနေတစ်ဆင့် Redmi K60 စီးရီးနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ Specs တွေကို သိရမယ်လို့ မျှော်လင့်ရပါတယ်။

Photo : GSMArena.com

Xiaomi ရဲ့ Brand မန်နေဂျာ William Lu ကတော့ Redmi K60 စီးရီးဖုန်းတွေထဲမှာ Dimensity 8200 Chipset အသုံးပြုထားမယ့် ဖုန်းလည်း ပါဝင်လာမယ်လို့ ပြောထားပါတယ်။ Redmi K60 Pro မှာတော့ Snapdragon 8+ Gen 1 Chipset ကိုအသုံးပြုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လာမယ့်အင်္ဂါနေ့မှပဲ တရားဝင်အတည်ပြုချက်ကို သိနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Gizchina.com