လူတိုင်းရဲ့အသားအရေက အဆီထုတ်ပါတယ်။ လူမှာ ရှိတဲ့ Sebaceous ဆိုတဲ့ ဂလင်းက ကိုယ်ခန္ဓာက အမွေးအမှင်နဲ့ အရေပြားကို စိုထိန်းမှုပေးပြီး ကာကွယ်ဖို့ Sebum ဆိုတဲ့ အဆီတစ်မျိုး ထုတ်ပါတယ်။ Sebum တွေ အထွက်များရင် အရေပြားက အဆီပြန်တဲ့အထိ ဖြစ်လာပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေ မျှဝေပေးလိုက်ပါတယ်။
(၁) ပုံမှန် မျက်နှာသစ်ပါ
Photo: Freepik
အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းဖို့အတွက် အရင်ဆုံး ပိုလျှံအဆီတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ မနက်အိပ်ရာထ မျက်နှာသစ်ရုံတင်နဲ့ မရပါဘူး။ ညအိပ်ရာဝင်ခါနီးနဲ့ အားကစားလုပ်ပြီးတိုင်းလည်း မျက်နှာသစ်ပေးသင့်ပါတယ်။ အလွန်အကျွံ မျက်နှာစ်ရင်လည်း အဆီထုတ်မှု ပိတ်သွားပြီး အရေပြား ယားယံနိုင်လို့ သတိထားပါ။ မျက်နှာကို Scrub လုပ်တာလည်း သိပ်များများ မလုပ်ပေးပါနဲ့။
(၂) တစ်ပတ်တစ်ကြိမ် မျက်နှာအဆီထုတ်ပါ

Photo: Freepik
မျက်နှာမှာ ဆဲလ်သေတွေကို ဖယ်ရှားခြင်းအားဖြင့်လည်း Sebum အထွက် ဟန်ချက်ညီစေပါတယ်။ ဆဲလ်သေတွေထဲမှာ Sebum ဝင်သွားရင် ဝက်ခြံဖြစ်နိုင်ပါတယ်။ ဒါကြေင့် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက် မပြင်းထန်တဲ့ အဆီထုတ် မျက်နှာဆေးမှု လုပ်ပေးဖို့ လိုပါတယ်။
(၃) Moisturize လုပ်ပေးပါ

Photo: Freepik
အဆီပြန်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ Moisturizer သုံးပေးသင့်ပါတယ်။ Moisturizer သုံးခြင်းအားဖြင့် အရေပြားပေါ်က အဆီတွေ ဖယ်ရှားရာမှာ ထိရောက်ပါတယ်။ မွေးညှင်းပေါက်ဝွေ မပိတ်စေမယ့် Comedogenic မပါတဲ့ အပေါ့စား Moisturizer တစ်မျိုးမျိုး ရွေးပါ။ မနက်ဘက်မှာတော့ Moisturizer အစား Sunscreen သုံးပေးသင့်ပါတယ်။
(၄) မှန်ကန်တဲ့ ထုတ်ကုန်တွေ သုံးပါ

Photo: Freepik
အဆီထိန်းမှုကို တိုက်ဖျက်နိုင်တဲ့ Green Tea ၊ Vitamin B3 ပါ Niacinamide ၊ L-Carnitine အမိုင်နိုအက်ဆစ်စတဲ့ ပါဝင်ပစ္စည်းတွေ ပါတဲ့ အလှကုန်မျိုး သုံးပေးဖို့ လိုပါတယ်။ ဝက်ခြံလည်း ပေါက်နေတယ်ဆိုရင် Licochalcone A သုံးပေးနိုင်ပါတယ်။ ရွံ့စေးက ထုတ်တဲ့ Facial Mask တွေကလည်း ပိုလျှံအဆီတွေ ထိန်းချုပ်ရာမှာ ထိရောက်မှုရှိပါတယ်။ မျက်နှာကိုလည်း ခဏခဏ ပွတ်တာ ၊ ထိတာမျိုး မလုပ်မိပါစေနဲ့။
