Gin Tonic ဒါမှမဟုတ် Vodka Tonic လို ကော့လ်တေး Drink တွေ ကြိုက်တယ်ဆိုရင် ဝီစကီ Whiskey နဲ့ဖျော်စပ်ထားတဲ့ ဝီစကီ Whiskey Tonic ကော့လ်တေး ကိုလည်း တစ်ခေါက်လောက် Try ကြည့်ဖို့ အကြံပေးပါတယ်။ ချိုမြမြ Tonic Water နဲ့ ပြင်းရှရှ ဝီစကီ Whiskey တို့ရဲ့ လိုက်ဖက်ညီတဲ့ ပေါင်းစပ်မှုက တကယ့်ကိုပဲပြီးပြည့်စုံတဲ့အရသာကို ပေးစွမ်းပါတယ်။

Photo : A Couple Cooks

ဝီစကီ Whiskey Tonic ကော့လ်တေးတစ်ခွက်ဖျော်စပ်ဖို့က ဘာမှခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ဘော်ဘွန်း ဝီစကီ Whiskey သို့မဟုတ် နှစ်သက်ရာ ဝီစကီ Whiskey တစ်မျိုးကို Tonic Water အချိုးကျပေါင်းစပ်ပြီး သံပုယိုသီးလေးတစ်ခြမ်း ညှစ်ထည့်လိုက်ရုံပါပဲ။ ပါဝင်ပစ္စည်းက ၃ မျိုးတည်း ပါသလို ဖျော်စပ်နည်းကလည်း အရမ်းကို လွယ်ကူရိုးရှင်းတဲ့အတွက် ကွီးတို့ အိမ်မှာ ကိုယ်တိုင်ကိုယ်ကျဖျော်စပ် သောက်နိုင်ပါတယ်။ ကဲဒါဆို ဖျော်စပ်ပုံဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

ကော့လ်တေးဖျော်စပ်ဖို့ Highball ဖန်ခွက်ရှည် တစ်လုံးလိုပါတယ်။ အရင်ဆုံး ဖန်ခွက်ထဲကို ရေခဲ ၄/၅ တုံးဖြည့်လိုက်ပါ။ ပြီးတဲ့အခါမှာ ဘော်ဘွန်း ဝီစကီ Whiskey ၂ အောင်စနဲ့ Tonic Water ၄ အောင်စကို အချိုးကျပေါင်းစပ်ပြီး ကော့လ်တေးဇွန်းလေးနဲ့ အေးလာတဲ့အထိ ညင်သာစွာ မွှေပေးရပါမယ်။ နောက်ဆုံးအဆင့် အနေနဲ့တော့ သံပုယိုသီးတစ်ခြမ်း ညှစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရမ်းကိုလွယ်ကူရိုးရှင်း Refreshing ဖြစ်စေတဲ့ ဝီစကီ Whiskey Tonic ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးလို့ရပါပြီ။ ဘော်ဘွန်း ဝီစကီ Whiskey နဲ့ကတော့ အကောင်းဆုံးပဲ ဖြစ်ပေမယ့် အလွယ်ရနိုင်တဲ့ နှစ်သက်ရာ ဝီစကီ Whiskey ကိုလည်းအသုံးပြုနိုင်ပါတယ်။

Featured Photo : Nigab