Anime ချစ်သူတွေအတွက် အကောင်းဆုံး Romance Anime ရုပ်ရှင်ကောင်း ၅ ကားကို ရွေးချယ် တက်ဆက်ပေးချင်ပါတယ်။ တချို့ Anime ရုပ်ရှင်တွေဆိုရင် ထွက်တာကြာပေမယ့် ယနေ့ထိတိုင် ဟောင်းပေမယ့် ကောင်းနေဆဲ ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တဲ့ Anime ရုပ်ရှင် ဇာတ်ကားတွေ ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Rating အကောင်းဆုံး Romance Anime ရုပ်ရှင် ကောင်းတွေက မဖြစ်မနေ ကြည့်သင့်တဲ့ List ထဲမှာ ပါပါတယ်။

(၁) Your Name (2016)

Source : All the Anime

Your Name ဇာတ်ကား လေးကတော့ Anime ပရိသတ်တွေကြားမှာ တော်တော်ကြီး ပေါက်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Makoto Shinkai ရဲ့ လက်ရာမြောက် Anime ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ကထွက်ရှိ ခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ ခန္ဓာကိုယ်ချင်းလဲသွားကြတဲ့ ဆယ်ကျော်သက်နှစ်ဦးရဲ့ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်ဆံရေးကို ပုံဖော်ထားပါတယ်။ IMDB Rating: 8.4 ရရှိထားပြီး Anime ချစ်သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

(၂) A Silent Voice (2016)

Source : Madman Anime

A Silent Voice ဇာတ်ကားလေး ကလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ အကောင်းဆုံး Anime ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Naoko Yamada က ဖန်တီးပုံဖော်ခဲ့ပြီး နားမကြားရတဲ့ ကောင်မလေးနဲ့ အမြဲလိုလို အနိုင်ကျင့် ဗိုလ်ကျတက်တဲ့ ကျောင်း သားလေးတို့ ၂ ယောက် အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက် ရိုးရိုးလေးနဲ့ လူတစ်ယောက်ရဲ့ အတွေးတွေအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့အထိ ဆွဲဆောင်နိုင်လွန်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDB Rating: 8.1 ရရှိထားပြီး Anime ချစ်သူတွေ လက်မလွတ်တိုင်း ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

(၃) Weathering With You (2019)

Source : GKIDS Films

Romance Anime ရုပ်ရှင် တွေအကြောင်း ပြောရင် ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Weathering With You ဆိုတဲ့ ဇာတ်ကားကလည်း မပါမဖြစ် ထည့်ပြော ရပါလိမ့်မယ်။ ဒီဇာတ်ကားလေးကို ဇာတ်လမ်းနဲ့ ဒါရိုက်တာ အဖြစ် Makoto Shinkai က ဖန်တီးအသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို မိုးအေးအေး ရာသီဥတုလေးမှာ အရမ်းကို လိုက်ဖက်ပြီး ရှယ်ဖီးလ်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားလေးက IMDB Rating: 7.5 ရရှိထားပြီး ၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုအတွက် ဂျပန်ကိုယ်စားပြု ရွေးချယ်ခြင်း ခံခဲ့ရတဲ့အပြင် ရုပ်ရှင်ဆုပေါင်းများစွာလည်း ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

(၄) I Want to Eat Your Pancreas (2018)

Source : Aniplex USA

I Want to Eat Your Pancreas ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားလေးကတော့ ဒါရိုက်တာ Shin’ichirô Ushijima က ဖန်တီးခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ပန်ကရိယရောဂါ အပြင်းအထန်ခံစားနေရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နေ့စဉ်ရေးဒိုင်ယာရီ စာအုပ်လေးနဲ့ သူမရဲ့စာအုပ်လေးကို ကောက်ရသွားခဲ့တဲ့ အတန်းဖော် ကောင်းလေးအကြောင်း ဇာတ်လမ်းတည်ထားပါတယ်။ ဒီဇာတ်ကားလေးက Anime ဖန်တိုင်း ကြည်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး IMDB Rating: 8 ရရှိထားပါတယ်။

(၅) The Wind Rises (2013)

Source : Madman Films

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Wind Rises ရုပ်ရှင် ဇာတ်ကားလေးကတော့ ဂျပန်အင်ဂျင်နီယာ Jiro Horikoshi (1903-1982) ရဲ့ စိတ်ကူးယဉ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။ Jiro က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော် အသုံးပြုခဲ့တဲ့ Mitsubishi A6M Zero တိုက်လေယာဉ် အပါအဝင် ဂျပန်တိုက်လေယာဉ်ဒီဇိုင်း များစွာကို ရေးဆွဲတည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဂျပန်ပြည်ရဲ့ ခေတ်ဟောင်း အငွေ့အသက်တွေကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပြီး တကယ့်ကိုပဲ ရသမျိုးစုံ ပေးစွမ်းမယ့် Anime ဇာတ်ကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB Rating: 7.7 ရရှိထားပါတယ်။

Featured Photo : Attack On Geek