Gym တွေမှာ တွေ့ရတဲ့ Rowing Machine တွေဟာ ကြွက်သား ကျစ်လစ်သန်မာဖို့နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့ အကောင်းဆုံး စက်တစ်ခုဆိုတာ ကွီးတို့ သိပါသလား ? လှေလှော် အားကစားနည်းကဲ့သို့ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှု ရှိပြီး ကျန်းမာကြံ့ခိုင်ခြင်းအတွက် ကောင်းကျိုး သက်ရောက်မှုများစွာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ Rowing Machine တွေနဲ့ ကစားရတဲ့ ကစားနည်း က အားကစားလုပ်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူး ပေးလဲဆိုတာ ပြောပြပေးပါမယ်။
(၁) ကယ်လိုရီ များများ လောင်ကျွမ်းစေတယ်
Photo : Men’s Journal
Rowing ဆွဲတဲ့ ကစားနည်း က ပြင်းထန်ပြီး အားသွန်ခွန်စိုက် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ ဒါကြောင့် ကယ်လိုရီ လောင်ကျွမ်းမှုကတော့ ရှယ်များပါတယ်။ ကိုယ်အလေးချိန် ကျချင်သူတွေ ၊ ကြွက်သားကျစ်လစ် သန်မာဖို့ လေ့ကျင့်ချင်သူတွေ ကစားသင့်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၂) ဒဏ်ရာ ရနိုင်ခြေ နည်းတယ်
Photo : We R Sports
Rowing Machine တွေနဲ့ ကစားတာဟာ ခုန်ပေါက်ပြေးလွှားတာကဲ့သို့ အကျိုးသက်ရောက်မှု မြင့်မားတဲ့ Cardio လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ တခြား Cardio ကစားနည်းတွေနဲ့ ထပ်တူ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက အတူတူပဲဖြစ်ပြီး ပိုကောင်းတဲ့ အားသာချက်တစ်ခုက ထိုင်လျက်အနေအထားနဲ့ပဲ ကစားရတဲ့အတွက် မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြေ နည်းတာပဲ ဖြစ်ပါတယ်။
(၃) ကိုယ်ဟန်အနေအထား ကောင်းစေတယ်
Photo : Cleveland Clinic Health Essentials
Rowing ဆွဲတာဟာ ခန္ဓာကိုယ်အပေါ်ပိုင်းရော အောက်ပိုင်းကြွက်သား အစိတ်အပိုင်းတွေ အားလုံးကို ဟန်ချက်ညီညီ လှုပ်ရှားကစားပေးရတာပါ။ တစ်ကိုယ်လုံးက ကြွက်သားအစိတ်အပိုင်းတွေကို အလုပ်လုပ်ခိုင်းတဲ့ Total Body လေ့ကျင့်ခန်းတစ်ခု ဖြစ်သလို အဓိကအားဖြင့် ဝမ်းဗိုက်နဲ့ ကျောရိုးအပေါ် ဖိအားသက်ရောက်မှု များတဲ့အတွက် ကိုယ်ဟန်အနေအထားကို အကောင်းဆုံး ပြုပြင်ပေးပြီး ခန္ဓာကိုယ်ကို စည်းချက်မှန်ကန်စေဖို့အတွက် အထောက်အကူ ပြုပါတယ်။
(၄) စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
Photo : SF HealthTech
Rowing ကစားနည်း က စိတ်ပိုင်းဆိုင်ရာကိုလည်း အကျိုးပြုပါတယ်။ Rowing ဆွဲတဲ့ အချိန်မှာ တစ်ချက်ချင်း စည်းချက်မှန်မှန်နဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ဟန်ချက်ညီမျှစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျသက်သာစေကာ စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Source : Cleveland Clinic Health Essentials
Featured Photo : Ally’s Angels